မင်္ဂလာပါ အရင်ဆုံး အန်တီအကြောင်းလေး မိတ်ဆက်ပေးပါအုံးရှင်…
အန်တီနာမည်က ဒေါ်အေးအေးမိုးပါ။ အသက်က (၅၄) နှစ်ပါ။ မြောက်ဒဂုံကနေပြီးတော့ လာရောက်ကုသမှု ခံယူခဲ့တာပါ။
OSC ဆေးရုံကို ရွေးချယ်ပြီး လာရောက်ကုသမှု ခံယူခဲ့ပုံလေး ပြောပြပေးပါအုံးရှင်…
အဓိကကတော့ ဒီဆေးရုံမှာထိုင်တဲ့ အထူးကုဆရာဝန်မကြီးတစ်ယောက်နဲ့ အန်တီတို့က ဆွေမျိုးနီးပါး အရမ်းခင်မင်တဲ့သူတွေပါ။
သူက ဒီဆေးရုံမှာ ဆီးနဲ့ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာလမင်းဝင်း နဲ့ ပြကြည့်ဖို့ရယ်၊ ခွဲစိတ်ရမယ်ဆိုရင်တောင် OSC မှာက စရိတ်လည်း သက်သာတယ် စက်ပစ္စည်းတွေကလည်း ခေတ်မှီစက်ကိရိယာတွေအသုံးပြုတာဆိုပြီး အကြံပေးတော့ အန်တီလည်း လာပြကြည့်လိုက်တာ။
ပြီးတော့ အန်တီ့ညီမကလည်း အရင်က OSC ကျောက်ကပ်ဌာနမှာ အလုပ်လုပ်ခဲ့ဖူးတယ်လေ။ ဒီမှာက အန်တီနေတဲ့နေရာနဲ့လည်းနီးတယ်။ ဆေးခန်းလည်းပြခဲ့ဖူးတော့ ဒီမှာပဲ ဆေးရုံတက်ဖြစ်ခဲ့တာပါ။
ဆရာကြီး နဲ့ ပြသပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပုံကိုလည်းပြောပြပေးပါအုံးရှင်…
ကျောက်ကပ်ကျောက်တည်နေတာကတော့ ကြာပါပြီ။ ဆိုးဆိုးရွားရွားအခြေအနေမဟုတ်တော့ ဒီအတိုင်းနေလာခဲ့တာ ခါးက အရမ်းနာလာလို့ ဆရာကြီးနဲ့ ပြကြည့်လိုက်တော့ ကျောက်က တော်တော်ကြီးနေပြီမို့ ခြေရတော့မှာမို့ ဆုံးဖြတ်လိုက်တာပါ။ လေဆာနဲ့ ခြေတာဆိုတော့ နာကျင်မှုတော့ သိပ်မရှိဘူးပေါ့။
ခွဲစိတ်ခန်းအတွေ့အကြုံလေး ပြောပြပေးပါအုံးရှင်…
ထုံဆေးနဲ့ဆိုတော့ နာကျင်မှုတော့ မရှိပါဘူး။ ဆရာတွေအကုန်လုံးကလည်း ရယ်ရယ်မောမောနဲ့ ဟာသလေးတွေ ပြောပေးနေတော့ ကြောက်လဲမကြောက်တော့ဘူး။ ထုံဆေးပြယ်သွားတော့ နည်းနည်းတော့ နာတာပေါ့လေ။ လေဆာနဲ့ ကျောက်ကို ခြေတာဆိုတော့ ဆေးရုံမှာလည်း ရက်နည်းနည်းပဲ တက်လိုက်ရတာ။ ဒီနေ့ဆို ဆေးရုံဆင်းပြီလေ။ အစားအသောက်ကတော့ အရည်ပဲ သောက်လို့ရသေးတယ်။
OSC ဆေးရုံ ဝန်ဆောင်မှု နဲ့ပတ်သတ်ပြီး ပြောပြပေးပါအုံးရှင်…
ဝန်ဆောင်မှုကတော့ ကောင်းပါတယ်။ သန့်ရှင်းရေးလည်း နေ့တိုင်း သေချာလာလုပ်ပေးတယ်။ တာဝန်ကျဆရာ၊ ဆရာမလေးတွေကလည်း ဂရုစိုက်တယ်။
သဘောလည်း ကောင်းကြပါတယ်။ ကားပါကင် ကိစ္စ နည်းနည်းခက်ခဲတာကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါတယ်။ အဆောက်အဦး ထပ်မံတိုးချဲ့နေတယ်ဆိုတော့ ကားပါကင်ကလည်း နောက်ဆို ပိုကောင်းသွားမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါ ယခုလို မေးမြန်းသမျှကို စိတ်ရှည်စွာဖြင့် ဖြေကြားပေးခဲ့ပြီး OSC ဆေးရုံကို လာရောက်ပြီး ဆေးရုံတက်ရောက်ကုသခဲ့တဲ့ အန်တီကိုကျေးဇူးတင်ပါတယ်။ အမြန်ဆုံးသက်သာပြီး အသက် (၁၀၀) ကျော်အထိ ရောဂါဘယကင်းဝေးပြီး ကျန်းမာချမ်းသာစွာ နေနိုင်ပါစေလို့ OSC ဆေးရုံ မိသားစုက ဆုတောင်းပေးပါတယ်ရှင်
အန်တီကလည်း ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးအပါအဝင် ဆရာ၊ ဆရာမလေးတွေအကုန်လုံးရော သမီးတို့အားလုံးကိုရော ကျေးဇူးတင်ပါတယ်ကွယ်