24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Testimonials

မိမိကိုယ်ကို သေလူလို့ ထင်မှတ်ထားပြီးမှ ပြန်လည်ကျန်းမာလာလို့ ပျော်ရွှင်တက်ကြွနေတဲ့ ဆရာမကြီး ဒေါ်ခင်တင်

အဘွားနာမည်က ဒေါ်ခင်တင့် (ခ) ဒေါ်ခင်တင်ပါ။

 အသက်ကတော့ ၈၅ နှစ်ထဲမှာ။

 အရှေ့ဒဂုံ၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာကနေ ဒီကိုဆေးရုံလာတက်ဖြစ်တာပါ။ ပါမောက္ခဆရာဝန်မကြီးဒေါက်တာဒေါ်ရည်ရည်နိုင်နဲ့ ပြတာပါ။

 ရင်ခေါင်းနဲ့အဆုတ်ကြပ်လို့ မောလို့ပေါ့နော်။ နှစ်နှစ်လောက်တော့ ရှိသွားပြီ။ အရင်ကတော့ တခြားဆရာဝန်တွေနဲ့ပြတာပေါ့။

OSC ဆေးရုံကို စသိတာကတော့ ဆရာမကြီးဒေါက်တာ ဒေါ်ခင်မေစု ညွှန်လို့ သိခဲ့တာပါ။

အခု အဘွားက ရင်သားကင်ဆာဖြစ်လို့ နှစ်ဖက်စလုံးဖြတ်လိုက်ပြီးတော့မှ ရောဂါက နည်းနည်းပိုဆိုးလာတော့ ရင်ခေါင်းဆရာဝန်ရှာတဲ့အခါမှာ ဒေါက်တာဒေါ်ရည်ရည်နိုင်နဲ့ ဆက်သွယ်ပြီးတော့ ဒီကိုရောက်လာတာ။

ဆရာမကြီးက ဂရုစိုက်ပါတယ်။ အများကြီးဂရုစိုက်တယ်။ အဘွားက ၁၁ ရက်နေ့က သိပ်မောတယ်။ အိမ်မှာသိပ်မောတော့ ခါတိုင်းက ကိုယ်ရှူတဲ့စက်တွေဘာတွေ အပြည့်အစုံရှိတယ်လေ။ ဆရာမကြီးပေးထားတဲ့ ဆေးတွေလည်းရှိတယ်။ ဒါပေမဲ့လို့ အဲ့တာတွေနဲ့ ရှူလို့မရတော့ဘူး။

ညကတည်းက နည်းနည်း နည်းနည်းနဲ့ မောလိုက်တာ မနက် ငါးနာရီခွဲလောက်ကျတော့ စိတ်ထဲမှာ အသက်ပါသွားလိမ့်မယ်ထင်ထားတာ။ အဲ့တာနဲ့ အဘွားတို့နားမှာ ပြနေကြဆေးခန်းတစ်ခုရှိတယ်လေ။ သူတို့ကဘာပြောလဲဆိုတော့ “အဘွား ကျွန်တော်တို့ဆေးခန်းမျိုးနဲ့မရတော့ဘူး။ ICU ရှိတဲ့ ဆေးရုံကိုသွားပါ” တဲ့။ ကိုယ်က ဒီဆေးရုံမှာ ICU ရှိတာ မရှိတာ မသိဘူး။ ဒါပေမဲ့ ကျွန်မသိတာက ကျွန်မဆရာမကြီးဒေါ်ရည်ရည်နိုင်ကိုပဲ အားကိုးတာလေ။

အဲ့တာနဲ့ လာလိုက်တော့ ဒီကို မနက် ၈ နာရီမထိုးခင်လောက်ရောက်တယ်။ အောက်က Bellboy တွေကအစ ကမန်းကတမ်းပြေးလာပြီးတော့ Emergency ကို ပို့ပေးတယ်။ Emergency လည်းရောက်ရော သမီးရယ် တကယ်တမ်းတိုင်းလိုက်တော့ Pressure က အပေါ်က ၁၆၀၊ အောက်သွေးက ၅၀ ပဲ ရှိတယ်။

တကယ်တမ်းပြောရင် အဘွားက သေမယ့်လူနာပေါ့နော်။ ကိုယ့်ကိုယ်ကိုလည်း သိတယ်။ ကိုယ့်ကိုယ်ကိုလည်းဒီတစ်ခါတော့ မရတော့ဘူးထင်တယ်ပေါ့။ အဲ့လိုမျိုးအောက်မေ့ပြီးတော့ ရောက်တော့ သူတို့ကလေ ခေါင်းကအစ ခြေအဆုံး တအား ဂရုစိုက်တာ။

ဘာလုပ်ပေးပါလို့ မပြောရဘူး။ အော်…ဒီလောက်ဂရုစိုက်၊ ဒီလောက်လုပ်ပေးတဲ့ဆေးရုံရှိသေးတယ်ဆိုတာ မသိဘူးပေါ့နော်။ အရင်က ကိုယ်က OPD လာပြလိုက်တယ်။ ပြန်သွားလိုက်တယ်။ ကြာလှ ဒီဆေးရုံထဲမှာနေ ၂နာရီ ၃ နာရီလောက် ဆရာဝန်စောင့်တဲ့အချိန်လောက်ပဲ။ အရေးပေါ် ကုသမှုပေးတာ မကြုံဖူးဘူး။ သေလူလို့ခံယူခဲ့ပေမဲ့ သေကံမရောက်သက်မပျောက်တော့ ဒီဆေးရုံမှာရှိတဲ့ ဆရာမလေးတွေ၊ အောက်ခြေကလေးလေးတွေကအစ… ဆရာဝန်မလေးဆိုရင် ဘယ်လောက်ညောင်းလဲမသိဘူး။

ဒီမှာ Stand လေးတစ်ခုထားတယ် ခြေထောက်တစ်ဖက်ရပ်လိုက်၊ တစ်ဖက်မလိုက်၊ တစ်ဖက်ရပ်လိုက် မော်နီတာကိုကြည့်ပြီးတော့ instruction ပေးနေတာ၊ ကိုယ့်ရဲ့ ခံစားချက်က “ငါမသေတော့ဘူး၊ အသက်နဲ့ကိုယ်နဲ့ တွဲလာပြီပေါ့”

 အဲ့ဒါထက် သူတို့က ဓာတ်မှန်ရိုက်မယ်ဆိုတော့ “အဘွားဓာတ်မှန်ရိုက်မယ်” ပြောတော့ တခြားမှာဆို သွားရိုက်ရတာကိုး၊ မြန်မာပြည်မှာ အဲ့လောက်တိုးတက်နေတယ်ဆိုတာလည်း မသိခဲ့ဘူး။ ငါသွားရမှာပဲ၊ မောအုံးမယ်လို့ တွေးနေချိန်မှာ အဲ့စက်ကြီးက ရောက်လာတယ်။ ရောက်လာပြီးခြေရင်းမှာ စက်တွေဘာတွေဆင်ပေါ့။ ဓာတ်မှန်ရိုက်ပြီးတော့လည်း ကိုယ့်ခုတင်ပေါ်တင်ကို ပြီးသွားတယ်။

အဲ့တာလည်း အဘွားက သိပ်ကျေးဇူးတင်တယ်။ ဘယ်လောက်အထိ ကျေးဇူးတင်လဲဆို ဒီမြေကြီးကို စောင့်တဲ့နတ်ကအစ ဒီဆေးရုံကြီးကို တည်ထောင်ပေးတဲ့ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေ၊ ဘယ်သူတွေမှန်းမသိပေမဲ့ “ I Thank them very very much” ဘာဖြစ်လို့တုန်းဆိုတော့ သေမယ့်လူက သေမသွားခဲ့ဘူး၊ သူတို့ရဲ့ ကျေးဇူးတွေ၊ ဒီဆရာမလေးတွေရဲ့ ကျေးဇူးတွေ အများကြီးပေါ့နော်။

 ဟိုဝှီးချဲလာသယ်ပေးတဲ့ ကလေးတွေကအစ သွက်လက်ဖြတ်လက်မှု၊ “အဘွားလာလာ၊ ခြေထောက်မ စသဖြင့် ခုတင်ပေါ်ရောက်တဲ့ထိ၊ ခုတင်ပေါ်ကနေမှ အောက်ထပ်ကနေမှ ICU ကတော့ မအားဘူးတဲ့၊ ဒါပေမဲ့ အဘွား အပေါ်မှာ အခန်းရပြီ၊ အခန်းကိုရွေ့ပါ။

အုန်းဒိုင်းဆိုပြီး ဟိုခုတင်နဲ့ဒီခုတင်နဲ့ ခြား၊ တခြားဆေးရုံမှာတုန်းက အဲ့ခုတင်ကြီးကွာသွားလို့ အောက်ကို ပြုတ်ကျမတတ်ဖြစ်ဖူးတယ်လေ။ ဒီဆေးရုံမှာတော့ ဝန်ထမ်းကလေးတွေက မပြီးတော့ ရွေ့တာ တည့်တည့်မတ်မတ်ပဲ ဒီပေါ်ကို ရောက်တယ်။

အဲ့ဒီအထိ အဘွားလေ Each & Every Detail အကုန် မှတ်ထားတယ်။ သူတို့ရဲ့ မေတ္တာစေတနာနဲ့ သေချာ Train ထားမှုပေါ့။ အဘွားကို ကြင်နာမှုပေးခဲ့တယ်။ အင်မတန်ကျေးဇူးတင်တယ်။ အင်မတန် ဂရုစိုက်တယ်။

အဲ့တော့ အဘွားက ပြောချင်တာက ကျန်တဲ့အဘွားလိုပဲ နေထိုင်မကောင်းတဲ့လူနာတွေ … ဟိုငွေရေးကြေးရေးကတော့ သမီးရယ် ထိုက်သင့်အားလျော်စွာတော့ ကုန်ရမှာပေါ့။ အဘွားက သူတို့ဆီက ယူတာကိုး၊ မေတ္တာတွေလည်းယူတယ်။ ဆေးတွေလည်းယူတယ်။ ကုသမှုတွေလည်းယူတယ်။

ပညာရပ်တွေကိုလည်း ယူတယ်။ ဆရာဝန်တွေဆိုတာ အရင်းအနှီးတွေအများကြီးနဲ့ ပညာသင်ကြရတာလေ။ ဒီဆရာမလေးတွေလည်း ဒီလိုပဲလေ။ အဲ့တော့ အဘွားကိုလည်း သူတို့က အဲ့တာနဲ့ ညီမျှတဲ့ အရာကို ပြန်ပေးတယ်။

ပစ်ထားတာမရှိဘူး။ အဲ့အတွက် အဘွားက သေတဲ့အထိ မှတ်ထားတယ်။

 တအားကျေးဇူးတင်တယ်။ သမီးတို့အကုန်လုံး၊ လာကြတဲ့ ဆရာမလေးတွေ ဆရာမကြီးတွေ အကုန်လုံး လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံပါစေ။

သောက၊ ဒေါသ၊ မောဟ၊ လောဘကင်းစင်ပြီးတော့ ဒုဗ္ဘိက္ခန္တရာယ်ကပ်၊ ရောဂန္တရာယ်ကပ်၊ သတ္ထန္တရာယ်ကပ်၊ ကပ်ကြီးသုံးပါး ကင်းဝေးပါစေ၊ အနားမှာကပ်ပြီးတော့ အလိမ်အညာတွေရှိမယ့်ကိစ္စတွေလည်း ကင်းဝေးပါစေ၊ အဘွား မေတ္တာပို့ပါတယ်။

OSC ဆေးရုံကြီးလည်း အဓွန့်ရှည်စွာနဲ့ ထပ်မံပြီး တိုးတက်သထက် တိုးတက်စွာ လူနာတွေကို ကူညီနိူင်ပါစေလို့ အဘွား မေတ္တာပို့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

 ဒါက ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ထားပြီး ပြန်ကျန်းမာလာတဲ့ အဖွား ဒေါ်ခင်တင်ပြောပြတဲ့ ကျေးဇူးတင်စကားသံပါ။

 ဒီလို မေတ္တာဓာတ်အပြည့်နဲ့ တုံ့ပြန်လာတဲ့ ကျေးဇူးတင်စကားမျိုးကို ကြားရတော့ ဝန်ထမ်းအားလုံး ပင်ပန်းတာတွေ မေ့ပျောက်ပြီး လူနာတွေကို တိုးသထက် တိုးပြီး ကူညီဖို့ အားအင်တွေကို ဖြစ်စေပါတယ်။

အဖွားလည်း အသက်ရှည်ကျန်းမာပါစေလို့ OSC ဆေးရုံမှ ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။