24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

OSC Packages

All in One Maternity Package

မင်္ဂလာပါရှင်

ယခုလို ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းတွင် ရင်သွေးငယ်များကို ကိုယ်ဝန်ဆောင်ထားရသော မိခင်လောင်းတို့အတွက် အထူးအဆင်ပြေချောမွေ့စေရန် OSC ဆေးရုံကြီးမှ All in One package အစီအစဉ်လေးတစ်ခု တင်ပြပါရစေရှင်။

ယခုတင်ဆက်ပေးသော all in one package တွင် မေမေတို့ သိရှိလိုသည်များနှင့် Package တွင် ပါဝင်သည်များ မပါဝင်သည်များကိုလဲ ရှင်းပြပေးထားပါတယ်ရှင်။

ထို့ကြောင့် မီးဖွားစရိတ်အပြီးအစီးအတွက် ခေါင်းခဲစရာမလိုဘဲ OSC ဆေးရုံသို့သာ ချိတ်ဆက်ပြီး မိမိ၏ ချစ်ခင်မြတ်နိုးသော သားသားမီးမီးလေးများကို မွေးဖွားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။

💢 All_in_one_Maternity_Package_အစီအစဉ်တွင်ပါဝင်သော_ဆေးရုံဝန်ဆောင်မှုများ
  • ခွဲစိတ်ခန်းအသုံးပြုခြင်းအတွက် ကုန်ကျစရိတ်များ။
  • ခွဲစိတ်ခန်းအတွင်း သားဖွားဆရာဝန် ၊ မေ့ဆေးဆရာဝန် ၊ ကလေးဆရာဝန်တို့၏ ခွဲစိတ်သည့်ကုန်ကျစရိတ်များ။
  • ဗိုက်ခွဲမွေးဖွားခြင်းအတွက် ရွေးချယ်ထားသော Package အရ အခန်းခကုန်ကျစရိတ်များ။
  • မိခင်နှင့် မွေးကင်းစကလေးများအတွက် တာဝန်ကျ ဆရာဝန်၊ ဆရာမများ၏ (၂၄) နာရီ ကျန်းမာရေးစောင့်ရှောက်မှုများ။
  • ကျွမ်းကျင်သော သူနာပြုအကူများ၏ (၂၄) နာရီ ကျန်းမာရေးစောင့်ရှောက်မှုများ။
  • မွေးကင်းစကလေး၏ အမှတ်တရ ဓာတ်ပုံ လက်ဆောင်ပေးခြင်း ဝန်ဆောင်မှု။
  • OSC ၏ မေတ္တာလက်ဆောင် Gift Set
  • မိခင်နှင့် ကလေး(၂) ဦးမှ (၁) ဦး၏ ABO RH စစ်ဆေးမှု။
  • မွေးကင်းစ ကလေးငယ်အတွက် G6PD ရှိ / မရှိ စစ်ဆေးပေးခြင်း။
  • ခွဲစိတ်ခန်းနှင့် ဆေးရုံလူနာခန်းအတွင်း မိခင်နှင့် ကလေးအတွက် လိုအပ်သော ဆေးဝါးများနှင့် ဆေးသုံးပစ္စည်းများ။
  • မွေးကင်းစကလေးငယ်အတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်း (eg. B ပိုး ကာကွယ်ဆေး)
  • နေ့စဉ်သားဖွားဆရာဝန်ကြီးနှင့် ကလေးဆရာဝန်တို့၏ လာရောက်ကြည့်ရှုသည့် စရိတ်များ။
💢 All_in_one_Maternity_Package_အစီအစဉ်တွင်_မပါဝင်သော_ဆေးရုံဝန်ဆောင်မှုများ
  • ခွဲစိတ်မွေးဖွားသော လူနာများလိုအပ်လျှင် အသုံးပြုနိုင်ရန် သွေး reserve လုပ်ပေးသော ဝန်ဆောင်မှု။
  • သွေးသွင်းရန် လိုအပ်ပါက အသုံးပြုရသော ဝန်ဆောင်မှု စရိတ်များ။
  • မွေးကင်းစ ကလေးနားအကြားအာရုံစမ်းသပ်စစ်ဆေး ပေးခြင်း။
  • မိခင်နှင့် ကလေးတို့တွင် သာမန်မဟုတ်သော နောက်ဆက်တွဲကျန်းမာရေးအတွက် ကုန်ကျစရိတ်များ။
  • ကလေးအသုံးအဆောင်ပစ္စည်းများ၏ ကုန်ကျစရိတ်များ။
  • ၆။ သတ်မှတ်ထားသော ရက်ထက် ဆေးရုံတွင် ရက်ပိုနေပါက ကုန်ကျစရိတ်များ။
  • Special nurse ငှားရမ်းခြင်းဝန်ဆောင်ခများ။

#All_in_One_Maternity_Package_အတွက်_OSC_ဆေးရုံမှ_သတ်မှတ်ပေးထားသည့် ဆရာဝန်ကြီးများဖြင့်သာ ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပြီး မိမိရွေးချယ်သည့် ဆရာဝန်ပေါ် မူတည်​ပြီးစျေးနှုန်းအပြောင်းအလဲများ ရှိနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက#OSC_Call_Center 01-4706622, 09-43208326သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

===============================

သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀တာ၀န်ယူပေးနေပါသည်။

==============================

#OSC_Hospital

www.oschospitalmm.com

Contact Information
09 43208326, 01 - 4706622