24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Chairman Speech

U Aung Min (Chairman)

ဥက္ကဌကြီး၏ အဖွင့်မှာစကား

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ ဆေးရုံကြီးဟာ ဆယ်စုနှစ်တစ်စုစာ အောင်မြင်စွာနဲ့ ဖြတ်သန်းလာနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ဆေးရုံကြီးကို ပထမဆုံးမနေနဲ့ နှစ်ထပ်ဆောင် ၁၆ကုတင်နဲ့ စတင်ခဲ့ပါတယ်။ နောက်တစ်နှစ်အတွင်းမှာပဲ ကျွန်တော်တို့ “AMPS” ကုမ္ပဏီကနေပဲ ၇ ထပ်အဆောက်အအုံ သစ်ကြီးကို ၉လနှင့် ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပါတယ်။ OSC နှင့်ပတ်သက်၍ အနာဂတ် စီမံကိန်းများစွာလည်းရှိပါသေးတယ်။ ဒီအဆောက်အဦးကြီးပြီးသွားတော့ ၈ထပ်အဆောက်အဦးကြီးဆောက်ဖို့ ကျတော်ရည်ရွယ်ခဲ့ပါတယ်။ သို့ပေမယ့် နေရာအခက်အခဲကြောင့် မဖြစ်လာခဲ့ပါဘူး။ ဒါပေမယ့် မဖြစ်ဖြစ်အောင် ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ၁၂ထပ်ဆောင် အဆောက်အဦးကြီးကို ဆောက်လုပ်ဖို့ ကျတော်တို့ စတင်စီမံနေပါပြီ။ ဆောက်လုပ်ခွင့်ပါမစ်ကျပြီးတာနဲ့ (၂) နှစ်ခွဲအတွင်း တိုးချဲ့ဆေးရုံအဆောက်အဦးကြီးကို ဖွင့်လှစ်နိုင်အောင် ကျတော်တို့ကြိုးစားနေပါပြီ။

ထိုဆေးရုံကြီးပြီးသွားတဲ့အခါမှာလည်း ပြည်သူလူထုတွေကို ဒီထက်ပိုကောင်းမွန်တဲ့၊ ပိုခေတ်မီအဆင့်မြင့်တဲ့ နည်းပညာတွေနှင့် ကုသမှုပေးနိုင်ရန် ကျတော်တို့ ကြိုးစားဆောင်ရွက်သွားပါမယ်။ လူတွေရဲ့အသက်ကို ကယ်တင်ရတာဟာ မွန်မြတ်တဲ့ကုသိုလ်တစ်ခုဖြစ်တဲ့အတွက် ဆေးကုသလို့ပျောက်သွားတဲ့ လူနာများအတွက် ကျတော်တို့ ကုသိုလ်ပီတိဖြစ်ရပါတယ်။ ကျတော်တို့ဆေးရုံကြီးအောင်မြင်လာတယ်ဆိုတာကလည်း ကျတော်တို့ သားသမီးများ၏ ကြိုးစားအားထုတ်မှုက အဓိကကြပါတယ်။ နောက်လာမည့် သားသမီးမြေးမြစ်များထိတိုင် ဆယ်စုနှစ်များသာမက ရာစုနှစ်များအထိပါ OSC ဆေးရုံကြီး တည်တံ့ခိုင်မြဲ့သွားအောင်ကြိုးစားသွားပါမယ်ဆိုတာ ကတိပေးပါတယ်။ ကျတော်တို့နှင့်အတူ လက်တွဲရပ်တည်ပေးနေတဲ့ အထူးကုဆရာ/ဆရာမကြီးများ၊ ဝန်ထမ်းများအားလုံး တက်ညီလက်ညီကြိုးစားခဲ့ကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်။