24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Testimonials

ဦးနှောက်သွေးကြောပေါက် စိုးရိမ်ရတဲ့ အခြေအနေကနေ အောင်မြင်စွာ အသက်ဘေးကျော်လွှားနိုင်ခဲ့သူရဲ့ မိသားစုဝင်တစ်ဦး၏ ရင်တွင်းစကား

🔹ကျွန်မနာမည်က ဒေါ်လွင်လွင်ဦးပါ။

🔹ကျွန်မအမျိုးသားနာမည်က ဦးတင်ယုပါ။ အသက်က (၅၇) နှစ်ပေါ့။

🔹ကျွန်မတို့က မကွေးတိုင်း၊ အောင်လံခရိုင်၊ အောင်လံမြို့ကနေ လာရောက်ကုသမှု ခံယူတာပါ။

🔹စဖြစ်တာက ညအိပ်တုန်းက အကောင်းပဲ။ မနက်မိုးလင်းတော့ အိပ်ရာကနှိုးတော့ သူက မနိုးတော့ဘူး။ ကြည့်လိုက်တော့မှ ညာဘက်တစ်ခြမ်းက လုံးဝလှုပ်လို့မရဘူး။ သတိလည်းမရတော့ဘူး။ မျက်လုံးလည်း မဖွင့်နိုင်တော့ဘူးလေ။ သတိလစ်သွားတာပေါ့။

🔹အဲ့အချိန်မှာ ကျွန်မတို့က ပြည်ဆေးရုံကြီးကို သွားတာပေါ့။ အဲ့မှာ တန်းပြီးတော့ CT ဓာတ်မှန် တန်းရိုက်ရတယ်။ CT လည်းရိုက်လည်းရိုက်ရော ဆရာဝန်ကြီးလာတော့ ဦးနှောက်သွေးကြောပေါက်သွားတယ်။ စိုးရိမ်ရတယ်လို့ ပြောတယ်။

🔹အဲ့လိုပြောပြီးတော့ သုံးရက်လောက် စောင့်ကြည့်ချင်သေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ကကြတော့ စိုးရိမ်ရတယ်ဆိုတဲ့အခါတော့ စောင့်မကြည့်နိုင်တော့ဘူးလေ။ အဲ့တာနဲ့ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ မိသားစုတွေ သောကရောက်ပြီး တိုင်ပင်ကြတာပေါ့။

🔹တိုင်ပင်ရင်းကနေ ကျွန်မတစ်ချက်သွားပြီး သတိရလိုက်တယ်။ ကျွန်မက အောင်လံမြို့ အထက(၂) က ဆရာမပါ။ အဲ့ဒီက ကွန်ပြူတာဆရာမလေးက မနှစ်က ဆိုင်ကယ်အက်ဆီးဒန့် ဖြစ်ထားတာလေ။ သူက‌ခေါင်းကို ခွဲစိတ်ကုသမှုခံယူထားရတာလေ။ ကျွန်မက အဲ့ဒီဆရာမလေးကို တန်းဆက်သွယ်လိုက်တယ်။

🔹“သမီးရေ၊ အန်တီ့အမျိုးသားကတော့ သွေးဆောင့်တိုးပြီး ဦးနှောက်သွေးကြောပေါက်သွားတယ်။ ဘယ်လိုလုပ်ရမှန်းလည်းမသိဘူး။ သမီးကူညီအုံး။ သမီးကုတဲ့ဆရာကြီးနဲ့ အဆင်ပြေလောက်လား၊ အန်တီ့ကို အဆက်အသွယ်လုပ်ပေးပါ” လို့ ပြောတော့ ဆရာမလေးကလည်း တန်းပြီး ဆရာကြီးနဲ့ ဆက်သွယ်ပေးတာ။ သူက ကျွန်မတို့နဲ့ ဆရာကြီးကြားမှာ အထပ်ထပ်အခါခါ ဆက်သွယ်ပေးခဲ့တယ်။

🔹အဲ့နေ့က ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ စနေနေ့ပေါ့။ ဆရာကြီးက ဥက္ကလာဆေးရုံမှာ ညနေ (၆) နာရီအထိ ရှိနေမှာ၊ လာခဲ့ပါဆိုလို့ ကျွန်မတို့ သွားကြတာပေါ့။ ဆရာကြီးက အဲ့နေ့က သူ့ဂျူတီချိန်ပြီးသွားတော့ ဖုန်းထပ်ဆက်သေးတယ်။ ဖုန်းဆက်တော့ ကျွန်မတို့က မရောက်သေးဘူး။ ကားအခက်အခဲကြောင့် မရောက်နိုင်ဘူးပေါ့။

🔹ဒီဆေးရုံကို ည (၈) နာရီခွဲလောက်မှ ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ ဆရာကြီးက အကုန်လုံးကို စီစဉ်ပေးသွားတယ်။ ဘယ်လိုစီစဉ်ပေးလဲဆိုရင် သူက အရေးပေါ်ဌာနကိုလည်း အကုန်အစီအစဉ်ဆွဲပေးခဲ့တယ်။ ICU ကိုလည်း အခန်းလုပ်ပေးခဲ့တယ်။ ဆရာကြီးကလည်း ဆရာမလေးကတဆင့် ကျွန်မတို့ကို လှမ်းမှာတယ်။ ဆေးရုံကိုရောက်ရောက်ချင်း အရေးပေါ်ဌာနကို တန်းသွားလိုက်ပါတဲ့။

🔹ကျွန်မတို့ ဆေးရုံရောက်တော့ အရေးပေါ်ဌာနကို တန်းသွားလိုက်တာပေါ့။ အဲ့မှာ ဆရာမတစ်ယောက်နဲ့တွေ့တော့ CT အဖြေကို ကြည့်ပြီး ဦးနှောက်သွေးကြောပေါက်တာပဲတဲ့။ တော်တော်ကြီးတယ်။ စိုးရိမ်ရတယ်လို့ ပြောတယ်။ အဲ့ဒီမှာ တာဝန်ကျတဲ့ဆရာမလေးကနေပြီးတော့ CT အဖြေကို ရိုက်ပြီး ဆရာကြီးဆီကို Viber နဲ့ လှမ်းပို့ပေးလိုက်တယ်။

🔹ပို့လိုက်တော့ ဒီည ဆယ်နာရီမှာ တန်းပြီးခွဲစိတ်ကုသမှုလုပ်မယ်ဆိုပြီး ကျွန်မတို့ အဲ့ဒီနေ့ည (၁၀) နာရီမှာ ခွဲစိတ်ကုသမှုလုပ်တယ်။ မနက် (၁) နာရီကျော်လောက်မှာ အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသမှု လုပ်နိုင်ခဲ့တယ်။

🔹ဆရာကြီးနဲ့တကွ ခွဲခန်းထဲက ဆရာ၊ဆရာမတွေအားလုံး၊ မေ့ဆေးဆရာဝန်တွေရယ် အကုန်လုံးရဲ့ ကုသပေးမှုကြောင့် အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။

🔹အဲ့တာနဲ့ပဲ ကျွန်မတို့ ခွဲစိတ်ပြီး (၁၄) ရက်နေတော့ ဆေးရုံကနေ ပြန်ဆင်းလာခဲ့တယ်။ ခေါင်းခွဲစိတ်ကုသမှုဆိုတော့ ဒီခေါင်းခွံအပိုင်းလေးကို ဗိုက်ထဲမှာ ဆရာကြီးက ထည့်ပြီးသိမ်းထားပေးတယ်။ သိမ်းထားပြီးတော့ အခု ဒုတိယတစ်ခေါက်ကျတော့ အခုအဲ့ဒီ သိမ်းထားတဲ့ဟာလေးကို ပြန်ထည့်တာပေါ့။

🔹ဒါကို ပြန်ထည့်တဲ့အခါမှာ ကျွန်မတို့က ဥက္ကလာဆေးရုံက ဆရာကြီးနဲ့တကွ ဆရာ၊ ဆရာမတွေရယ်၊ ICU က ဆရာ၊ ဆရာမတွေရော ဒီမှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးရယ် ဆေးကုသပေးမှုနဲ့ ဝန်ဆောင်မှုကို သဘောကျလို့ ကျွန်မတို့က ဒီဆေးရုံကိုပဲ ပြန်ပြီးတော့ ရွေးချယ်ဖြစ်ခဲ့တာပါ။👍🏥✨

🔹ဒုတိယတစ်ကြိမ်မှာတော့ ဆေးရုံတက်ရက် စုစုပေါင်း (၁၃) ရက်ကြာခဲ့တာပေါ့။ ဒီတစ်ကြိမ်မှာလည်း အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ ခွဲစိတ်ခန်းက ထွက်ထွက်ချင်းပဲ လူနာက တန်းပြီးသတိရတယ်။ ကျွန်မတို့ မိသားစုအကုန် ဝမ်းသာတာပေါ့။

🔹ဥက္ကလာဆေးရုံက ဝန်ထမ်းတွေရော၊ ဆရာကြီးကိုရော၊ ဆရာ၊ ဆရာမတွေအကုန်လုံးကိုရော ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ဆရာကြီးအပါအ၀င်၊ခွဲစိတ်ဆရာ၀န်များ၊ သေသေချာချာဂရုတစိုက် ကြပ်မတ်ကုသပေး‌ပါသော ဆေးရုံကဆရာ ဆရာမများနှင့် ၀န်ထမ်းများအားလုံးကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်ရှင့်။ 👨‍⚕️👩‍⚕️❤️🏥🌟

#ရင်တွင်းခံစားချက်

#PatientTestimonial

#SuccessStory

#OKKALA_Hospital