
🔹အန်တီက အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ပင်စင်စားတစ်ယောက်ပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ 👵🌸
🔹ဒီဖြစ်စဉ်ကတော့ ကျန်းမာရေးအတွက် ကြိုးခုန်လိုက်တာကနေ သားအိမ်ခေါင်း ကျသွားခဲ့တာပါ။ 🏃♀️ အန်တီက Size 1 inches ရှိတဲ့ သားအိမ်ကွင်းလေးပဲ ထည့်လို့ရတာလေ။ အဲ့ဒီကွင်းလေး ထည့်ထားတာ ၄ နှစ်လောက် ရှိသွားပြီ။ ⏳
🔹အဲ့ဒါနဲ့ နောက်ပိုင်းမှာ 1 inches က ဝယ်လို့ကို မရတော့ဘူး။
ဆေးဆိုင်တွေမှာ 2 inches, 3 inches တွေပဲ ရှိတော့တာ။ အန်တီ့မှာ သွင်းလို့လည်းမရ၊ ဆေးဆိုင်သွားပြီး “သားအိမ်ကွင်း ရှိလား” လို့ မေးရင်လည်း လူတွေက ပြန်ကြည့်ကြတော့ ရှက်တာလည်း ပါတာပေါ့။ 🥺
လမ်းလျှောက်ရင်လည်း သားအိမ်က ကျလာတတ်တော့ စိတ်ကို တော်တော်လေး ညစ်ရပါတယ်။ 😔
🔹အဲ့ဒါနဲ့ပဲ မြေးလေးက သူ့ဆရာနဲ့ သေချာပြကြည့်ပါဆိုတာနဲ့ လာပြလိုက်တာ။ 🏥
🔹ဆရာကြီးက တော်တော်လေး တော်တာပဲ၊ သေသေချာချာကို စမ်းသပ်စစ်ဆေးပေးတယ်။ 🩺
🔹သားအိမ်ကို အပေါ် ပြန်တင်ပေးတော့ တက်သွားပေမဲ့ သူ့အလိုလို ပြန်ကျလာတော့ “သားအိမ်ထုတ်လိုက်ရင် အကောင်းဆုံးဖြစ်မယ်၊ အကောင်းဆုံး လုပ်ပေးမယ်” ဆိုတာနဲ့ အန်တီလည်း ခွဲမယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။ 💪
သားအိမ်ကွင်း လိုက်ရှာရတဲ့ စိတ်ညစ်မှုကနေ လွတ်ရင် ပြီးရောလေ။ ✨
🔹အခုတော့ သားအိမ်ထုတ်လိုက်လို့ အဲ့ဒီ စိတ်ညစ်ရတဲ့ ဒုက္ခကနေ လုံးဝ လွတ်သွားပါပြီ။ 🥳
🔹ခွဲပြီးတော့လည်း ဆရာချုပ်ပေးထားတဲ့ ချုပ်ရိုးက နာတောင် မနာဘူး၊ ချောင်းဆိုးလိုက်ရင်တော့ နည်းနည်းလေး တင်းတာပဲ ရှိတယ်။
အခုဆို အရာရာ အဆင်ပြေပြီး စိတ်လည်း အရမ်းချမ်းသာသွားပါပြီ။ 💖
🔹အန်တီက ဒီဆေးရုံမှာ သားအိမ်ခွဲတာ တင်မကဘူးနော်။ 🏥
🔹အိမ်မှာ ခွေးချေခုံပေါ်တက်ရင်း လဲကျလို့ ခါးဆစ်ရိုး ကျိုးတုန်းကလည်း အရိုးအကြော ဆရာဝန်ကြီးတွေနဲ့ ပြလိုက်တာ ၃ ခေါက်လောက် ပြင်ပလူနာအနေနဲ့ ပြရုံနဲ့တင် သက်သာ ပျောက်ကင်းသွားခဲ့တာ။ 🦴
🔹ဆီးချိုရောဂါလည်း ဒီမှာပဲ ပြတယ်၊ 🩺
🔹ဆရာဝန်ကြီးတွေရော၊ စိတ်ထား ဖြူစင်ကြတဲ့ ဆရာမလေးတွေရော အကုန်လုံး လိုက်လုပ်ပေးကြတာ ဝန်ဆောင်မှု တော်တော်ကောင်းပါတယ်။ 👏👩⚕️👨⚕️
အန်တီ့လို ဝေဒနာခံစားနေရသူတွေကို ပေးချင်တဲ့ အကြံကတော့ အန်တီ့လို သားအိမ်ခေါင်းကျတဲ့ ဝေဒနာ ခံစားနေရသူတွေရှိရင် မရှက်ကြပါနဲ့၊ မြန်မြန်လေး လာကုကြပါ။ 💬 အခုတော့ အန်တီ အစစအရာရာ အကုန် အဆင်ပြေသွားပါပြီ။” 🌷😊
#ရင်တွင်းခံစားချက်
#PatientTestimonial
#SuccessStory
#OKKALA_Hospital