24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Testimonials

ရင်သွေးလေးကို စိတ်အေးချမ်းစွာ ခွဲမွေးခဲ့သည့် မေမေတစ်ဦး၏ ကျေးဇူးတင်စကားသံ

🔹ဒီဆေးရုံကို ရွေးချယ်ဖြစ်ခဲ့တာကတော့ ဝန်ဆောင်မှုပိုင်း ကောင်းတာကြောင့်ရော၊ အိမ်နဲ့လည်း နီးတာကြောင့်ပါ… ကိုယ်ဝန်အပ်ထားစဉ် ကတည်းက ဆေးခန်းလာပြရတာ အရမ်း အဆင်ပြေခဲ့ပါတယ်။ 🏥

🔹ပြရတဲ့အချိန်က မနက်ပိုင်း ၁၁ နာရီမတိုင်ခင်အထိ ကိုယ်အားတဲ့၊ ကြိုက်တဲ့ အချိန်လေး သွားပြလို့ရတော့ မိခင်လောင်းတစ်ယောက်အတွက် အတော့်ကို သက်တောင့်သက်သာ ဖြစ်ခဲ့ရပါတယ် ⏰🥰

🔹အစ်မက ကြောက်လည်း အရမ်း ကြောက်တတ်တဲ့အထဲ ပါတော့ ခွဲမွေးရတော့မယ့် အချိန်မှာ စိုးရိမ်စိတ်တွေ၊ အားငယ်စိတ်တွေ အရမ်းများခဲ့တယ် 🥺

🔹ခွဲခန်းထဲ ရောက်တော့ ကြောက်လွန်းလို့ မျက်လုံးတောင် လုံးဝ မဖွင့်ရဲဘဲ အေးတယ် အေးတယ်ဆိုပြီး ဖြစ်နေတာ ❄️😰…

🔹အဲ့ဒီအချိန်မှာ ဆရာဝန်ကြီးတွေနဲ့ ဆရာမလေးတွေက အနားကနေ ဂရုတစိုက်နဲ့ အနီးကပ် ပြုစုပေးကြပါတယ်။ “မနာအောင် လုပ်ပေးမယ်နော်၊ ဘာမှ မကြောက်နဲ့” ဆိုပြီး မွေးခါနီးအထိ နွေးနွေးထွေးထွေး အားပေးခဲ့ကြတာမို့ စိုးရိမ်စိတ်တွေ အကုန် ပြေပျောက်သွားရပါတယ် 👨‍⚕️👩‍⚕️💖။

🔹ကလေးလေး မွေးဖွားပြီးတဲ့ နောက်မှာလည်း မိခင်ရော ကလေးပါ နွေးနွေးထွေးထွေး စောင့်ရှောက်ပေးခဲ့တဲ့ ခွဲခန်းထဲက ဆရာမလေးတွေ၊ အခန်းထဲက ဆရာမလေးတွေရဲ့ ပြုစုမှုက အရမ်းကို ကောင်းပါတယ် 👶🏻✨။

🔹အရာရာ အေးအေးလူလူနဲ့ စိတ်ချမ်းသာစွာ နားနားနေနေ မွေးဖွားနိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ် 👩‍⚕️💖

🔹ဆေးရုံအခန်း သန့်ရှင်းရေးတွေအပေါ်မှာလည်း အပြည့်အဝ ကျေနပ်မှု ရှိပါတယ် 🧹✨

အစက အစ်မ အရမ်းလိုချင်ခဲ့တဲ့ (Ruby အခန်း) လေး မရလိုက်လို့ စိတ်ထဲ နည်းနည်း မကောင်းဖြစ်ခဲ့ပေမဲ့လည်း ဆေးရုံဘက်က အဆင်ပြေအောင် စီစဉ်ပေးတာမို့ အဆင်ပြေသွားခဲ့ပါတယ် 🛏️🤍

🔹ရင်သွေးလေးကို ဒီဆေးရုံမှာ လာရောက် မွေးဖွားဖို့ စဉ်းစားနေကြတဲ့ မိခင်လောင်းတွေကို အကြံပေးချင်တာကတော့ ဆေးရုံက စီစဉ်ထားတဲ့ Maternity Package ယူလိုက်တာ ပိုကောင်းပါမယ်လို့ ပြောချင်ပါတယ်။ 🎁🤰

🔹ဆေးရုံရဲ့ Special Nurse တွေကလည်း တကယ်ကို အားကိုးရပြီး ဝန်ဆောင်မှု အရမ်းကောင်းတာမို့ မိခင်လောင်းများ စိတ်အေးချမ်းစွာ မွေးဖွားနိုင်ဖို့အတွက် ဒီဆေးရုံလေးကို ရွေးချယ်ဖို့ အကြံပြုလိုက်ပါရစေနော်… 💯🌸

#ရင်တွင်းခံစားချက်

#PatientTestimonial

#SuccessStory

#OKKALA_Hospital