24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Our Activities & CSR Program

အပြုံးများဖြင့် ကမ္ဘာကြီးကို အလှဆင်မည်

💙✨ 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗦𝘂𝗽𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗳𝗼𝗿 𝗚𝗹𝗼𝘄𝗶𝗻𝗴 𝗦𝗺𝗶𝗹𝗲 – 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗟𝗼𝘃𝗲, 𝗖𝗿𝗲𝗮𝘁𝗶𝗻𝗴 𝗕𝗿𝗶𝗴𝗵𝘁𝗲𝗿 𝗦𝗺𝗶𝗹𝗲𝘀 ✨💙

“အပြုံးများဖြင့် ကမ္ဘာကြီးကို အလှဆင်မည်” ✨👶

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ခံစားနေရတဲ့ ရင်သွေးငယ်လေးတွေရဲ့ မျက်နှာပေါ်မှာ လှပတဲ့ အပြုံးပန်းလေးတွေ ပြန်လည်ဝေဆာလာစေဖို့အတွက် WISDOM Bridge International School နှင့် ဥက္ကလာဆေးရုံ တို့ ပူးပေါင်းပြီး “𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗦𝘂𝗽𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗳𝗼𝗿 𝗚𝗹𝗼𝘄𝗶𝗻𝗴 𝗦𝗺𝗶𝗹𝗲” Program ကို စီစဉ်ကျင်းပပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 🎁🏥

ဒီအစီအစဉ်ကနေတစ်ဆင့် အသက် ၁၂ နှစ်အောက် ကလေးငယ်များကို WISDOM Bridge International School ၏ ထောက်ပံ့မှုဖြင့် OKKALA Hospital တွင် (လုံးဝ) အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 🩺❤️

ကလေးငယ်များနှင့် မိဘများအား ပထမဦးစွာ  (၁၄.၁၁.၂၀၂၆) စနေနေ့၊ နေ့လယ် (၂း၃၀) နာရီ တွင် ဥက္ကလာဆေးရုံကြီး၌တွေ့ဆုံဆွေးနွေးကာ အားပေးစကားများ ပြောကြားခြင်း၊ နွေးထွေးသော မေတ္တာနှင့် အားပေးမှုများ မျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး   (၁၅.၁၁.၂၀၂၆) တနင်္ဂနွေနေ့တွင် ပထမဆုံးအကြိမ် အခမဲ့ ခွဲစိတ်ကုသမှုကို စတင်ပြုလုပ်ပေးခဲံ့ပါတယ်ရှင် … 🗓️⏰ ကျန်ရှိနေတဲ့ ကလေးငယ်များကိုလည်း အလှည့်ကျ ဆက်လက်ကုသပေးသွားမှာပါ။ 🤝

အစီအစဉ်မှာ ပါဝင်နိုင်ဖို့ မိမိတို့ရဲ့ ရင်သွေးငယ်များ ပိုမိုတောက်ပတဲ့ အပြုံးပန်းလေးတွေ ဆင်မြန်းနိုင်ဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ 📝 မိဘပြည်သူများအနေနဲ့လည်း အခုလို ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ မိမိတို့ပတ်ဝန်းကျင်က ကလေးငယ်တွေကို အစီအစဉ်ကို သိရှိနိုင်စေဖို့ ဒီသတင်းကောင်းကို ပြန်လည်မျှဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 📢💬

ဆက်သွယ်စာရင်းပေးသွင်းရန် ဖုန်းနံပါတ်များ:📞

* 09-771531814

* 09-963062003

“မိမိတို့ရင်သွေးလေးများ ပြုံးပန်းအလှဆင်နိုင်ဖို့အတွက် WISDOM Bridge International School နဲ့ OKKALA ဆေးရုံမှ ကူညီပါရစေ။” 🥰💖

#အပြုံးများဖြင့်ကမ္ဘာကြီးကိုအလှဆင်မည်

#Smile_Train

#wisdom_bridge_international_school

#OKKALA_Hospital