မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ခံစားနေရတဲ့ ရင်သွေးငယ်လေးတွေရဲ့ မျက်နှာပေါ်မှာ လှပတဲ့ အပြုံးပန်းလေးတွေ ပြန်လည်ဝေဆာလာစေဖို့ OKKALA Hospital နဲ့ ATOM Myanmar တို့ ပူးပေါင်းစီစဉ်တဲ့ “ATOM’s Lifetime Gift” (ဘဝတစ်သက်တာ လက်ဆောင်မွန်) အစီအစဉ်ကို နောက်ထပ်တစ်ကြိမ် အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ပါပြီရှင်။ 🎁🏥❤️
ပြီးခဲ့တဲ့ (၁၄.၁၁.၂၀၂၆) ရက်နေ့က မိဘများနှင့် ကလေးငယ်များကို ဥက္ကလာဆေးရုံကြီး(OSC) မှာ စနစ်တကျ တွေ့ဆုံစစ်ဆေးပေးခဲ့ပြီး၊ (၁၅.၁၁.၂၀၂၆) ရက်နေ့မှာတော့ ကလေးငယ် စုစုပေါင်း (၆) ဦးကို (လုံးဝ) အခမဲ့ ထပ်မံအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ 🩺👨⚕🤝
ကလေးငယ်တွေရဲ့ ပိုမိုတောက်ပလာမယ့် အနာဂတ်နဲ့ မိဘတွေရဲ့ မျက်နှာပေါ်က ဝမ်းသာကြည်နူးရတဲ့ အပြုံးတွေကို မြင်တွေ့ရတာဟာ ကျွန်မတို့ OKKALA Hospital နဲ့ ATOM Myanmar အဖွဲ့သားအားလုံးအတွက် အတိုင်းမသိဝမ်းမြောက်ရတဲ့ ဘဝတစ်သက်တာ လက်ဆောင်မွန်တစ်ခုပါပဲ။ 😊💖🌈
အခုလို အခမဲ့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ မိမိတို့ ပတ်ဝန်းကျင်က ကလေးငယ်များ ရှိပါက အခွင့်အရေးကို လက်လွတ်မခံရအောင် ဒီသတင်းကောင်းလေးကို ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းပါရစေရှင်။ 📢📲✨
မိမိတို့ရဲ့ ရင်သွေးငယ်များ ပိုမိုတောက်ပတဲ့ အပြုံးပန်းလေးတွေ ဆင်မြန်းနိုင်ဖို့အတွက် အခုပဲ ဖုန်းဆက်ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ 📞👶🌟
ဆက်သွယ်စာရင်းပေးသွင်းရန်: ☎️
📲 09-771531814
📲 09-963062003
“မိမိတို့ ရင်သွေးလေးများ ပြုံးပန်းအလှဆင်နိုင်ဖို့ OKKALA Hospital နဲ့ ATOM Myanmar တို့မှ ကူညီပါရစေ။” 🤗❤️🌸
#အပြုံးများဖြင့်ကမ္ဘာကြီးကိုအလှဆင်မည်
#ATOMsLifetimeGift
#ATOMရဲ့ဘဝတစ်သက်တာလက်ဆောင်မွန်
#OKKALAHospital



