မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ခံစားနေရတဲ့ ရင်သွေးငယ်လေးတွေရဲ့ မျက်နှာပေါ်မှာ လှပတဲ့ အပြုံးပန်းလေးတွေ ပြန်လည်ဝေဆာလာစေဖို့ OKKALA Hospital နဲ့ ATOM Myanmar တို့ ပူးပေါင်းစီစဉ်တဲ့ “ATOM’s Lifetime Gift” (ဘဝတစ်သက်တာ လက်ဆောင်မွန်) အစီအစဉ်ကို နောက်ထပ်တစ်ကြိမ် အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ပါပြီရှင်။ 🎉🏥
ပြီးခဲ့တဲ့ (၁၁.၇.၂၀၂၆) ရက်နေ့က မိဘများနှင့် ကလေးငယ်များကို ဥက္ကလာဆေးရုံကြီး(OSC) မှာ စနစ်တကျ တွေ့ဆုံစစ်ဆေးပေးခဲ့ပြီး၊ (၁၂.၇.၂၀၂၆) ရက်နေ့မှာတော့ ကလေးငယ် စုစုပေါင်း (၉) ဦးကို (လုံးဝ) အခမဲ့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
ကလေးငယ်တွေရဲ့ ပိုမိုတောက်ပလာမယ့် အနာဂတ်နဲ့ မိဘတွေရဲ့ မျက်နှာပေါ်က ဝမ်းသာကြည်နူးရတဲ့ အပြုံးတွေကို မြင်တွေ့ရတာဟာ ကျွန်မတို့OKKALA Hospital နဲ့ ATOM Myanmar အဖွဲ့သားအားလုံးအတွက် အတိုင်းမသိဝမ်းမြောက်ရတဲ့ ဘဝတစ်သက်တာ လက်ဆောင်မွန်တစ်ခုပါပဲ။ 🥰🌟
အခုလို အခမဲ့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ မိမိတို့ ပတ်ဝန်းကျင်က ကလေးငယ်များ ရှိပါက အခွင့်အရေးကို လက်လွတ်မခံရအောင် ဒီသတင်းကောင်းလေးကို ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းပါရစေရှင်။
မိမိတို့ရဲ့ ရင်သွေးငယ်များ ပိုမိုတောက်ပတဲ့ အပြုံးပန်းလေးတွေ ဆင်မြန်းနိုင်ဖို့အတွက် အခုပဲ ဖုန်းဆက်ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
ဆက်သွယ်စာရင်းပေးသွင်းရန်:
• 09-771531814
• 09-963062003
“မိမိတို့ ရင်သွေးလေးများ ပြုံးပန်းအလှဆင်နိုင်ဖို့ OKKALA Hospital နဲ့ ATOM Myanmar တို့မှ ကူညီပါရစေ။”🤝💖
#အပြုံးများဖြင့်ကမ္ဘာကြီးကိုအလှဆင်မည်
#ATOMsLifetimeGift
#ATOMရဲ့ဘဝတစ်သက်တာလက်ဆောင်မွန်
#OKKALAHospital





