24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

မြန်မာနိုင်ငံတွင်ရောက်ရှိနေသော COVISHIELD ကာကွယ်ဆေးအကြောင်း။

COVISHIELD ကာကွယ်ဆေးသည် Oxford တက္ကသိုလ်နှင့် ဗြိတိန်ဆေးကုမ္ပဏီAstraZenecaတို့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့သည့် ကာကွယ်ဆေးဖြစ်ပါတယ်။ကိုဗစ်ကြောင့် ခံစားရသည့်လက္ခဏာတွေကို (၇၀) ရာခိုင်နှုန်းအထိ ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း စမ်းသပ်မှုများလုပ်ဆောင်ပြီးနောက် (၂၀၂၀) နှောင်းပိုင်းမှာ ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အချက်အလက်များအရ အသက်ကြီးသူများက ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ဖြစ်လာကြောင်းကိုလည်း ပြသနေပါတယ်။

 ဆေးကို ပြည့်ပြည့်ဝဝထိုးနှံလိုက်ခြင်းက (၉၀) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ နှစ်ကြိမ်ထိုးနှံရပါမယ်။ ဒီကာကွယ်ဆေးက အရမ်းအေးတဲ့အပူချိန်မှာ ထိန်းသိမ်းထားစရာမလိုတဲ့အတွက်ကြောင့် ဖြန့်ဝေဖို့ အတွက်လည်းအလွယ်ကူဆုံး ဆေးတစ်မျိုး ဖြစ်ပါတယ်။

ကာကွယ်ဆေးကို (၄) ပတ်ကနေ (၁၂)ပတ်ကြား နှစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပြီး (၂) ဒီဂရီ ဆက်ဆီးယက်စ် ကနေ (၈) ဒီဂရီ ဆက်ဆီးယက်စ် ကြားမှာ ဘေးကင်းစွာ သိုလှောင်ထားနိုင်ပါတယ်။

COVISHIELD ကာကွယ်ဆေးရဲ့ အတွေ့များသောဘေးထွက်ဆိုးကျိုးများက ဆေးထိုးသည့်နေရာ အဖုအပိန့်ဖြစ်ခြင်း၊ ဖျားနာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် တုပ်ကွေးလက္ခဏာများ ဖြစ်သည့် ကိုယ်ပူခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် ချမ်းတုန်ခြင်းတို့ ဖြစ်ကြပါတယ်။

လူအနည်းငယ်မှာ တွေ့ရတတ်သည့် ဘေးထွက်ဆိုးကျိုးအနည်းငယ်လည်း ရှိပါသေးတယ်။ ၎င်းတို့က မူးဝေခြင်း၊ အစားစားချင်စိတ် လျော့ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ အရေပြားယားယံခြင်းနှင့် အနီပိန့်များ ထွက်ခြင်း စသည်တို့ ဖြစ်ပါတယ်။

Reference – BBC News