24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

ကိုဗစ်_၁၉_အန္တရာယ်ကနေ_ကာကွယ်ဖို့_အကောင်းဆုံးနှာခေါင်းစည်းအမျိုးအစား

ကပ်ဆိုးကာလအစောပိုင်းမှာ ကိုဗစ်ကူးစက်မခံရစေဖို့ နှာခေါင်းစည်းတပ်ဆင်ထားဖို့ ပြောကြားထားကြပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်းက တပ်ဆင်ထားသူများကိုသာ ကာကွယ်ပေးနိုင်သည်မဟုတ်ဘဲ ဘေးနားရှိလူများကိုပါကာကွယ်နိုင်ပါတယ်။

နှာခေါင်းစည်းတပ်ဆင်ထားခြင်းက ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးပြီး ဆေးရုံတက်ရောက်ခြင်းနှင့် သေဆုံးခြင်းတို့ကိုလည်း နည်းပါးစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

လက္ခဏာမပြခင်မှာ နှာခေါင်းစည်းများ ကြိုတင်ဝတ်ဆင်ထားမယ်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ချေလျော့ကျသွားပါတယ်။

နှာခေါင်းစည်းတပ်ဆင်ခြင်းက ယခင်က မိမိရောဂါကိုအခြားသူများကို မကူးစက်အောင် ကာကွယ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါမှာ မိမိရော တခြားသူကိုပါမကူးစက်နိုင်အောင် တပ်ဆင်ရခြင်း ဖြစ်ပါတယ်။

တခြားသော နှာခေါင်းစည်းများထက် ပိုပြီးတော့ အာနိသင်ရှိတဲ့ အမျိုးအစားတစ်ခု ရှိပါတယ်။

😷 N95 နှင့်

😷 KN95 နှာခေါင်းစည်းများက အထိရောက်ဆုံး

ကာကွယ်ပေးနိုင်ပါတယ်။

🆘️ Delta မျိုးကွဲက ရေကျောက်လိုပဲ ကူးစက်မှုအရမ်းမြန်ပါတယ်။ ဘယ်လို နှာခေါင်းစည်းက အကောင်းဆုံးကာကွယ်မှုပေးနိုင်မလဲဆိုတာကို သိချင်နေကြမှာပါပဲ။

😷 N95 နဲ့ KN95 နှာခေါင်းစည်းတွေကတော့ အဝတ်နှာခေါင်းစည်းနှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများထက် (၅) ဆပိုမိုကာကွယ်နိုင်ပါတယ်။

😷 N95 နှာခေါင်းစည်းအတုအစစ်ကို ခွဲခြားနိုင်စေဖို့ CDC က လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။

ကျွန်တော်တို့က N95 နဲ့ KN95 နှာခေါင်းစည်းများကို အလွယ်တကူမဝယ်နိုင်ဘူးဆိုလျှင်လည်း နှာခေါင်းစည်း မတပ်ဆင်တာနှင့်ယှဉ်လျှင် အဝတ်စနှာခေါင်းစည်းများနှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများကို အသုံးပြုခြင်းက ပိုကောင်းမွန်ပါတယ်။ သို့သော် အလွှာများစွာ ပါဝင်သည့် နှာခေါင်းစည်းများက ပိုကာကွယ်နိုင်စွမ်းရှိတာကို မှတ်သားထားပါ။

😷 N95 နှာခေါင်းစည်းကတော့ ချောင်းဆိုးနှာချေခြင်းများကနေ ထွက်ပေါ်လာသည့် အမှုန်အမွှားများကို (၉၉) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး သုံးလွှာနှာခေါင်းစည်းများက (၅၁) ရာခိုင်နှုန်းပဲ ကာကွယ်ပေးနိုင်ပါတယ်။

#Source_Health_Digest

#Translate_by_OSC_Hospital

#Health_tips

#OSC_Hospital