24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Life Style

၀မ်းနည်းနေချိန်လုပ်ဆောင်သင့်သည့်အကောင်းဆုံးလေ့ကျင့်ခန်းများ

တစ်ခုခု လှုပ်လှုပ်ရှားရှားနေတာက ဘာမှလှုပ်ရှားမှု မရှိတာထက်တော့ ပိုကောင်းပါသေးတယ်။ သို့သော် စိတ်ပျော်ရွင်အောင် လုပ်ဆောင်တဲ့အခါမှာ အခြားအရာများထက် လေ့ကျင့်ခန်းတစ်ချို့ကတော့ ပိုကောင်းမွန်ပါတယ်။ စိတ်မကြည်လင်ဘဲ ဝမ်းနည်းနေတဲ့အချိန်မှာ လေ့ကျင့်ခန်းကို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ တကယ်တော့ ဝမ်းနည်းနေချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းက ဝမ်းနည်းမှုကို ဖြေဖျောက်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းများက စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။ ဝမ်းနည်းမှုကို တိုက်ရိုက်ဖြေဖျောက်ပေးနိုင်သည့် လေ့ကျင့်ခန်းတစ်ချို့ရှိပေမဲ့ စိတ်ဓာတ်ကျခြင်းကို ကြုံတွေ့ခံစားနေရသူဆိုရင်တော့ ဆရာဝန်နဲ့ စကားပြောဆိုခြင်းက လိုအပ်သည့် အကောင်းဆုံး ကုသမှုကို အကြံပေးပါလိမ့်မယ်။ ဒီလိုအချိန် မရောက်မှီအထိ လေ့ကျင့်လို့ ရနိုင်မယ့် လေ့ကျင့်ခန်းများကို ဖော်ပြပေးလိုက်ပါတယ်။စိတ်ပျော်ရွှင်စေဖို့ ဒီလေ့ကျင့်ခန်းများကို စမ်းလုပ်ကြည့်ပါ။

🔳နေရောင်ထဲမှာ လေ့ကျင့်ခန်းတစ်ချို့ကို ပြုလုပ်ပေးခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ နေရောင်ထဲမှာ ဆယ်မိနစ်ခန့် လမ်းလျှောက်ပေးခြင်းကလည်း စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးပါလိမ့်မယ်။

🔳ပြေးခြင်းကလည်း ဝမ်းနည်းမှုတွေကို ဖြေလျှော့ပေးနိုင်မည့် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပြေးခြင်းက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်များကို ပြောင်းလဲပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ အန်ဒိုဖင်ဟော်မုန်းများ ထွက်လာပြီး အားအင်ပြည့်ဝကာ စိတ်ခံစားချက် အခြေအနေကို ပိုကောင်းမွန်လာစေနိုင်ပါတယ်။

🔳နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ ခြေလျင်တောင်တက်ခြင်း ဖြစ်ပါတယ်။ သဘာဝတရားကြီးကို ရှုစားရင်း လမ်းလျှောက်ရင်း တောင်တက်ကြသူများက စိတ်ဖိစီးမှု ဟော်မုန်းများ လျော့ကျသွားပါတယ်။ အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက စိတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။

🔳နောက်ဆုံးတစ်ခုကတော့ ယောဂပါ။ ယောဂလေ့ကျင့်ခြင်းက သင့်ကို ပိုပြီးတော့ ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယလေ့ကျင့်ခန်း စသည်တို့ကလည်း ကျွန်တော်တို့ရဲ့ သဘောထား၊ အမြင်နှင့် အတွေးအခေါ်များကို ပြောင်းလဲစေနိုင်ပြီး စိတ်တည်ငြိမ်စေကာ ပျော်ရွှင်မှု ရလာစေမှာ အသေချာပါပဲ။