24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

Ari Con_လေအေးပေးစက်၏ ဆိုးကျိုးများ

၁။ ရေဓာတ်ခန်းခြောက်ခြင်း
အဲကွန်းက စိုထိုင်းမှုကို လျှော့ချပေးပြီး ခြောက်သွေ့တဲ့လေတွေက အနီးစပ်ဆုံး လူခန္ဓာကိုယ်မှ အစိုဓာတ်များကို ဆွဲထုတ်ပစ်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုမဖြစ်စေရန် ရေအလုံအလောက် သောက်ဖို့ မမေ့ပါနဲ့။

၂။ အမြဲတစေ အေးနေခြင်း
အဲကွန်းက အပူချိန်ကို ချက်ချင်းထိုးကျသွားစေပြီး ကိုယ်ခံအားစနစ်ကို အားနည်းသွားစေနိုင်ပါတယ်။ အဲကွန်းခန်းထဲက လေကြောင်းလည်ပတ်မှုအားနည်းခြင်းက ရောဂါပိုးကူးစက်ခြင်းများကို ဖြစ်လာစေနိုင်ပါတယ်။

၃။ အရေပြားယားယံခြင်း
ခြောက်သွေ့တဲ့လေက အသားအရေကို ခြောက်သွေ့စေပြီး အရေပြားယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။ နှင်းခူရောဂါနှင့် အရေပြားနီ၍ ရောင်ရမ်းနာကျင်ခြင်းရောဂါ စသည့် အရေပြားရောဂါလက္ခဏာများကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ လေးနာရီခြားတစ်ခါ လက်ကိုလိမ်းသည့် ခရင်မ်များကို လိမ်းပေးပြီး အဲကွန်းခန်းများကို ရှောင်ရှားပါ။

၄။ ပန်းနာရင်ကြပ်နှင့် ဓာတ်မတည့်ခြင်းများ

အဲကွန်းကို ကောင်းစွာ သန့်ရှင်းရေး မလုပ်ဆောင်ထားလျှင် ဖုန်တွေနဲ့ မှိုတွေ စွဲနေတတ်ပါတယ်။ ဒါက ပန်းနာရင်ကြပ်ရောဂါလက္ခဏာကို ပိုဆိုးရွားလာစေပြီး ဓာတ်မတည့်မှုများကို ပိုဆိုးရွားလာစေနိုင်ပါတယ်။

၅။ မျက်သားခြောက်ခြင်း
ခြောက်သွေ့တဲ့လေက မျက်လုံးကို ယားယံလာစေနိုင်ပါတယ်။ မျက်လုံးအစိုဓာတ်ရရှိစေဖို့ မျက်စဉ်းထည့်ပေးပါ။ အဲကွန်းခန်းထဲမှာ အချိန်ကြာကြာမနေပါနှင့်။

၆။ အားအင်ချိနဲ့ထိုင်းမှိုင်းခြင်း
အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့လူတွေက သဘာဝအတိုင်းလေဝင်လေထွက်ရတဲ့ နေရာမှာ အလုပ်လုပ်သူတွေနဲ့ ယှဉ်လျှင် ပိုပြီးပျင်းရိထိုင်းမှိုင်းတတ်ကြပါတယ်။

၇။ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ
အောက်စီဂျင်လယ်ဗယ်နည်းပြီး ရေဓာတ်ခန်းခြောက်ခြင်းတို့က အမြဲတစေခေါင်းကိုက်ပြီး ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။