24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

ကြက်သွန်ဖြူမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဟင်းပွဲတွေမှာ ကြက်သွန်ဖြူဟာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းပွဲတွေကို ပိုမိုကောင်းမွန်လာစေအောင် လုပ်ဆောင်နိုင်ရုံသာမက ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိနိုင်ပါတယ်။
ဒီနေ့မှာတော့ ကြက်သွန်ဖြူကနေ ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးသွားပါမယ်။

နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဟာ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ ကျန်းမာရေးနှင့် မညီညွတ်သော ကိုလက်စထရောများကို လျှော့ချပေးပြီး နှလုံးကို ကောင်းမွန်စေပါတယ်။

ရောင်ရမ်းနာကျင်မှုများကို‌လျှော့ချပေးခြင်း
အရေပြားပေါ်မှာ ကုတ်ခြစ်ဖဲ့မိတဲ့အခါမှာ နီရဲရောင်ရမ်းလာတာတွေ ရှိတတ်ပါတယ်။ ဒီလိုတွေ ခဏခဏဖြစ်လာရင် ကင်ဆာ၊ ဆီးချို၊ အဆစ်အမြစ်ရောင်နာ၊ နှလုံးရောဂါ၊ စိတ်ဂယောင်ခြောက်ခြား စသည့် အခြေအနေများထိအောင် ရောက်ရှိသွားနိုင်ပါတယ်။

ကြက်သွန်ဖြူမှာ ထိုရောင်ရမ်းနာကျင်မှုများကို သက်သာစေနိုင်တာကြောင့် အစားအသောက်များထဲမှာ ကြက်သွန်ဖြူကို ထည့်ပြီးစားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူဟာဖျားနာခြင်းများကို တိုက်ဖျက်ပေးနိုင်ခြင်း

ကြက်သွန်ဖြူကို အစိမ်းလိုက်ဝါးစားတဲ့သူတွေ ရှိကြပါတယ်။ ထိုကဲ့သို့ ဝါးစားခြင်းဖြင့် ခန္ဓာကိုယ်က ဖျားနာခြင်းများကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin က ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ သွေးဖြူဆဲလ်များကို ကူညီထောက်ပံ့ပေးပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးရောဂါကဲ့သို့ ဗိုင်းရပ်စ်ပိုးများကို ကြက်သွန်ဖြူစားခြင်းဖြင့် ရောဂါပြင်းထန်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

သွေးဖြူဥဆဲလ်များကိုပိုမိုကျန်းမာလာစေခြင်းက
အချိန်ကြာလာတာနဲ့အမျှ ကိုယ်ခံအားကောင်းမွန်လာစေပါတယ်။

အသားအရေကိုတောက်ပစေခြင်း
အရေပြားကျန်းမာရေးကို ကောင်းမွန်စေဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ညနေခင်းမှာ ကြက်သွန်ဖြူအနည်းငယ်လောက် စားပေးခြင်းက ပိုက်ဆံလည်းအများကြီးမကုန်ပါဘူး။ ကြက်သွန်ဖြူဟာ ရောင်ရမ်းနာကျင်မှုများကို သက်သာစေရုံသာမက အသားအရေနှင့် အရေပြားကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဝက်ခြံထွက်ခြင်းများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေခြင်း
ဦးနှောက်ဥာဏ်ရည်ကောင်းမွန်အောင် ဆော်လမွန်တို့ တူနာတို့ စားသုံးရမယ်ဆိုတဲ့အချက်ကိုမေ့လိုက်ပါ။ ကြက်သွန်ဖြူစားပေးခြင်းက ဦးနှောက်ကို ဥာဏ်ရည်တိုးတက်စေပါတယ်။

အသည်းကျန်းမာရေးကိုကောင်းမွန်စေခြင်း
ကြက်သွန်ဖြူအစိမ်းကို စားပေးခြင်းက အသည်းကင်ဆာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အပတ်စဉ် ကြက်သွန်ဖြူကို နှစ်ကြိမ်စားပေးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေ (၂၃) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

သွေးပေါင်ချိန်ထိန်းညှိပေးခြင်း
ကြက်သွန်ဖြူကို ပုံမှန်စားပေးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သည့်အပြင် သွေးကြောများ တောင့်တင်းနေမှုများကို လျှော့ချပေးနိုင်ပါတယ်။

အူကျန်းမာရေးကိုကောင်းမွန်စေခြင်း
အူကျန်းမာရေးကို ကောင်းမွန်စေဖို့ စားသုံးပေးသင့်တဲ့ အစားအသောက်များထဲမှာ ကြက်သွန်ဖြူဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ဆော်လမွန်၊ ဒိန်ချဉ်တို့နှင့်အတူ ကြက်သွန်ဖြူဟာလည်း အူမကြီးအတွက် အထူးကောင်းမွန်စေတဲ့ အစားအသောက်များ ဖြစ်ပါတယ်။

အရိုးကျန်းမာရေးကိုအထူးကောင်းမွန်စေခြင်း
အရိုးကျန်းမာရေးမှာ ကယ်ဆီယမ်ဟာ အဓိကအရေးပါပါတယ်။ နွားနို့ဟာ အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာကို လူတိုင်းသိပြီး ဖြစ်ပေမဲ့ ကြက်သွန်ဖြူဟာ အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်ဆိုတာကိုတော့ သိပ်မသိကြသေးပါဘူး။

ဆံပင်ကျန်းမာသန်စွမ်းစေခြင်း
ကျန်းမာသန်စွမ်းရှည်လျားတောက်ပတဲ့ ဆံသားတစ်ခုကို ပိုင်ဆိုင်ချင်နေပါသလား။ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆေးတွေကို အသုံးပြုနေမည့်အစား စားသောက်သည့်အရာအပေါ်မှာ အာရုံစိုက်ကြည့်ပါ။ ကြက်သွန်ဖြူဟာ ထိုကဲ့သို့ စွမ်းအားများကို ပိုင်ဆိုင်ထားတဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
အမြင်စွမ်းအားကို ပိုမိုကောင်းမွန်လာစေနိုင်တဲ့ အစားအသောက်က မုန်လာဥနီတစ်မျိုးထဲမဟုတ်ပါဘူး။ ကြက်သွန်ဖြူကို နေ့စဉ် ပုံမှန်စားသုံးပေးခြင်းဖြင့် မျက်စိကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။