24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Diet & Nutrition

လေ့ကျင့်ခန်းမလိုဘဲ ၀ိတ်ချနည်း

ကစီဓာတ်ပါသော အစားအသောက်များကို ရှောင်ရှားပါ။

ပေါင်မုန့်ဖြူ၊ ထမင်း၊ ပါစတာ၊ ခေါက်ဆွဲ၊ ပြောင်းဖူး၊ ပြောင်းဂျုံ၊ အာလူးစသည်တို့က ကစီဓာတ်မြင့်မားစွာ ပါဝင်ကြပါတယ်။ ကစီဓာတ်က ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ဖြိုခွဲသွားပါတယ်။ လိုအပ်သည့် သကြားဓာတ်ထက်ပိုရရှိလာသည့် သကြားဓာတ်များကို ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ် သိမ်းဆည်းထားပေးပါတယ်။ အဆီမရှိတဲ့ဝမ်းဗိုက် ဖြစ်စေဖို့ ကစီဓာတ်ပါသည့် အစားအသောက်များကို ရှောင်ရှားပါ။ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ သကြားအညိုရောင်နဲ့ ဆန်ညိုတို့ကို စားသုံးပေးရပါမယ်။

⏩သကြားဓာတ်ကို ဖြတ်တောက်ရပါမယ်။

ထုတ်ပိုးထားသည့် အသီးဖျော်ရည်များကို သောက်သုံးလိုက်တိုင်း ပုံမှန်အသီးများ စားသုံးခြင်းထက် ကယ်လိုရီ ပိုများပါတယ်။ ထုတ်ပိုးထားသည့် အသီးဖျော်ရည်များက တကယ့်အသီးဖျော်ရည်များဟု ပြောကြပေမယ့် သကြားဓာတ်အများအပြား၊ အရောင်နှင့် အရသာများ ထည့်သွင်းထားတာကြောင့် ရှောင်ရှားသင့်ပါတယ်။

⏩ဗီတာမင်စီ များများ စားသုံးပါ။

ဗီတာမင်စီက စိတ်ဖိစီးမှုကို ချေဖျက်ပေးပြီး ကျန်းမာရေးပြဿနာအများစုကိုလည်း သက်သာစေနိုင်ပါတယ်။ လိမ္မော်သီး၊ သံပုရာသီး၊ ကိုက်လန်၊ ရှောက်ခါးသီး၊ ကီဝီသီး စသည့်အသီးများက ဗီတာမင်စီနှင့် သတ္ထုဓာတ် များစွာ ပါဝင်ကြပါတယ်။ ဗီတာမင်စီက အစာချေဖျက်ခြင်းနှင့် သွေးပေါင်ချိန်ထိန်းညှိပေးခြင်းစသည်တို့မှာ အထောက်အကူ ဖြစ်စေတာကြောင့် နေ့တိုင်း ဗီတာမင်စီအများအပြား ပါဝင်တဲ့ အသီးတစ်လုံးကို စားသုံးပေးသင့်ပါတယ်။

⏩ပရိုတိန်းဓာတ်များများ စားသုံးပါ။

အရည်အသွေးမြင့်မားသည့် ပရိုတိန်းဓာတ်ကို စားသုံးခြင်းက ဆာလောင်မှုများကို လျှော့ချပေးပြီး ဝမ်းဗိုက်အဆီများကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ငါးကင်၊ ကြက်သားဟင်း၊ ပဲပုပ်၊ ပဲနီကလေး၊ ဂေါ်ဖီထုတ်အသေးစား၊ မှို စသည်တို့မှာ ပရိုတိန်းဓာတ် အများအပြား ပါဝင်ပါတယ်။ ပရိုတိန်းလွန်ကဲစွာ သုံးစွဲခြင်းက ဒူလာရောဂါကို ဖြစ်စေနိုင်ပါတယ်။

⏩ရေဓာတ်ဖြည့်တင်းပါ။

တစ်ရက်ကို ရေ (၈) ခွက် ပုံမှန်သောက်ပေးခြင်းက ရေဓာတ်ဖြည့်တင်းပေးနိုင် ရုံသာမက မလိုလားသည့် အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ရေများများ သောက်ခြင်းက ရာသီမလာစဉ် ရောင်ရမ်းနာကျင်မှုများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။