24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Beauty & Fitness

Niacinamideဆိုတာဘာလဲ?

Niacinamideဆိုတာ Skin Careစိတ်၀င်စားတဲ့သူတွေအတွက် မစိမ်းလှတဲ့ အရာလေးပါ။ NiacinamideကိုSkin care productတွေမှာ တော်တော်များများမှာထည့်သွင်း အသုံးပြုလာကြပါတယ်။

-လူသုံးများတယ်ဆိုပေမယ့်လည်း

ကိုယ်သုံးနေတဲ့Niacinamideဆိုတာဘာလဲ?

ဘယ်လိုကောင်းကျိုးတွေရှိစေသလဲ? ဆိုတာကို သေချာသိထားပြီးမှအသုံးပြုမယ်ဆိုရင် ပိုကောင်းပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အလှအပအတွက် မရှိမဖြစ်Niacinamideအကြောင်းလေးကို မျှဝေပေးချင်ပါတယ်။

  • Niacinamideဆိုတာ ရေတွင်ပျော်၀င်သောVitamin B3အုပ်စုရဲ့ ပုံစံခွဲတစ်မျိုးဖြစ်ပါတယ်။

Vit B3ကတော့ အရေပြား၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးတဲ့ ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ်။ Vit B3ရဲ့ ပုံစံခွဲတစ်မျိုးဖြစ်တဲ့

  • Niacinamideကတော့ အရေပြားကျန်းမာရေးအတွက်အဓိကထား အထောက်အကူပြုစေပါတယ်။

Niacinamide ၏ကောင်းကျိုးများ…

  •  အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ Keratin  Proteinထုတ်လုပ်မှုကို ကောင်းစေပါတယ်။ အသားအရေကို ညီညာစေတယ်။ ကျန်းမာစေပါတယ်။
  •  မျက်နှာကို အစိုဓာတ်ပြည့်၀စေပြီး ရေဓာတ်ထိန်းညှိပေးပါတယ်။
  •  ချွေးပေါက်ကျယ်တာတွေကိုလည်း သက်သာစေတယ်။
  •  နေရောင်ခြည်ထိတွေ့မှုကြောင့်ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ပြုပြင်ထိန်းညှိပေးပါတယ်။
  •  Niacinamideဟာ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေတဲ့အာနိသင်ရှိတာကြောင့် ၀က်ခြံထွက်တာ၊ eczemaလို အရေပြားယားယံနာ စတာတွေမှာလည်း သက်သာစေပါတယ်။ ဒါကြောင့် Niacinamideကို ၀က်ခြံအတွက် အဓိကထားသုံးကြပါတယ်။
  •  Collagen ထုတ်လုပ်မှုကိုလည်း အားပေးစေပါတယ်။
  •  Niacinamideမှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့
  • Antioxidantဂုဏ်သတ္တိလည်း ရှိတာကြောင့်လေထုညစ်ညမ်းမှုတွေ၊ ခရမ်းလွန်ရောင်ခြည်တွေ၊ဓာတုဓာတ်ငွေ့တွေကြောင့် ဆဲလ်ပျက်စီးမှုများမှကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်ပျက်စီးမှုများကြောင့်ဖြစ်သော အိုမင်းရင့်ရော်မှုများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

– Niacinamideကို Supplementအဖြစ်ရော၊ Skin Care Productတွေအဖြစ်ပါထုတ်လုပ်ထားပါတယ်။

-ဒါပေမယ့် ဖြည့်စွက်ဆေးတွေကိုတော့ မိမိသဘောအတိုင်းမသောက်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်များနှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

-Niacinamideပါတဲ့ Productတွေကို စစသုံးချင်းမှာ၀က်ခြံထွက်လာတာ အရေပြားနီရဲတာ၊ ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လို့ မတည့်ဘူးရယ်လည်းမဟုတ်ပါဘူး။ ၂ပတ်လောက်ကြာတဲ့အခါပြန်ပြီး အဆင်ပြေသွားတာလည်းရှိပါတယ်။

-အကယ်၍ ၂ပတ် ၃ပတ်ကြာတဲ့အထိ သုံးကြည့်လို့မှမသက်သာရင်တော့ Niacinamideနဲ့ မတည့်ဘူးလို့ဆိုနိုင်ပါတယ်။ Niacinamide ပမာဏလွန်ကဲစွာအသုံးပြုတာ၊ ဒါမှမဟုတ် ဓာတ်မတည့်တဲ့အနေထားအမျိုးမှာ ၀က်ခြံတွေ ကန်ထွက်လာတာ၊ မျက်နှာမှာနီရဲယားယံတာ၊ ပူလောင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

စူးရှမေ