24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Life Style

ရေနွေးသောက်ခြင်း၏ အကျိုးကျေးဇူးများ

(၁) နှာခေါင်းပိတ်ခြင်းကို သက်သာစေနိုင်ခြင်း။

ရေနွေးပူပူတစ်ခွက်က ထွက်လာတဲ့ရေနွေးငွေ့ကို ရှူရှိုက်လိုက်ခြင်းက နှာခေါင်းပိတ်ခြင်းကို သက်သာစေပြီး ခေါင်းကိုက်ခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ နှာခေါင်းနှင့် လည်ချောင်းတစ်ဝိုက်မှာ အကျိအချွဲများ ရှိတာကြောင့် ရေနွေးပူပူလေးကို သောက်သုံးခြင်းက အဲ့ဒီနေရာကို နွေးထွေးသွားစေပြီး အကျိအချွဲများကြောင့် ဖြစ်လာသည့် လည်ချောင်းရောင်ခြင်းကို သက်သာစေနိုင်ပါတယ်။

(၂၀၀၈)ခုနှစ် လေ့လာမှုတစ်ခုမှာ ရေနွေးပူပူလေးကို သောက်သုံးခြင်းက နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ မောပန်းမှုများကို သက်သာစေနိုင်ပါတယ်။ ရေနွေးပူပူလေးတစ်ခွက်က တူညီသည့် အပူချိန်ရှိသည့် အခန်းထဲမှာ သောက်လိုက်တဲ့ အအေးတစ်ခွက်ထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။

(၂) အစာချေဖျက်လွယ်ခြင်း။

ရေသောက်ခြင်းက အစာချေစနစ်ကို လှုပ်ရှားနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းမှာ ရေတွေစီးဆင်းနေချိန်မှာ ခန္ဓာကိုယ်က အညစ်အကြေးများကို ပိုကောင်းကောင်းထုတ်လုပ်နိုင်ပါတယ်။ ရေနွေးပူပူလေးကို သောက်သုံးခြင်းက အစာချေဖျက်စနစ်ကို လုပ်ဆောင်ရာမှာ ပိုပြီး ထိရောက်မှုရှိစေပါတယ်။ ခန္ဓာကိုယ်က ချေဖျက်ဖို့ ခက်ခဲနေသည့် အစားအစာများကို ရေနွေးက ပျော်ဝင်စေနိုင်ပါတယ်။

ဒီအကျိုးသက်ရောက်မှုကို သက်သေပြဖို့ သုတေသနတွေ ပိုလိုအပ်နေပါသေးတယ်။ (၂၀၁၆) လေ့လာမှုတစ်ခုမှာတော့ ရေနွေးက ခွဲစိတ်မှုပြီးနောက် အူလမ်းကြောင်းကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် အထောက်အကူပေးပါတယ်။ ရေနွေးသောက်ခြင်းက အစာချေဖျက်ခြင်းကို ကူညီပေးနိုင်ပြီး အိမ်တွင်းကုထုံးအဖြစ် အသုံးပြုရာမှာလည်း ထိခိုက်မှု မရှိနိုင်ပါဘူး။

(၃) ဗဟိုနာ့ဗ်ကြောစနစ်ကို ပိုမိုကောင်းမွန်စေခြင်း။

ခန္ဓာကိုယ်မှာ ရေဓာတ်အလုံအလောက်မရရှိဘူးဆိုလျှင် အာရုံကြောစနစ်လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပါတယ်။ အဓိကအားဖြင့် စိတ်နှင့် ဦးနှောက် လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပါတယ်။ ရေသောက်ခြင်းက ဗဟိုနာ့ဗ်ကြောစနစ်ကို ပိုကောင်းမွန်လာစေတယ်ဟု (၂၀၁၉) သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီသုတေသနမှာ ရေသောက်ခြင်းက ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်လာစေပြီး စိတ်လှုပ်ရှားမှုတွေကိုလည်း လျော့ချပေးနိုင်တယ်ဟု ဖော်ပြထားပါတယ်။

(၄) ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း။

ရေဓာတ်ခမ်းခြောက်ခြင်းက ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ရေသောက်ခြင်းက ဝမ်းချုပ်ခြင်းကို မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်မယ့် ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရေဓာတ်ကို ဖြည့်ဆည်းနေခြင်းက ဝမ်းပျော့စေပြီး ဝမ်းသွားရလွယ်ကူ စေပါတယ်။ ရေနွေးပူပူကို ပုံမှန်သောက်သုံးပေးခြင်းက ဝမ်းမှန်စေနိုင်ပါတယ်။

(၅) ရေဓာတ်ဖြည့်တင်းပေးနိုင်ခြင်း။

ရေအေးက ရေဓာတ်ကို ပိုဖြည့်တင်းနိုင်ကြောင်း သက်သေအထောက်အထားတွေ ရှိသော်လည်းပဲ ရေနွေးပူ သောက်သုံးခြင်းကလည်း ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ နေ့စဉ် အမျိုးသမီးများက ရေ (၂.၃) လီတာနှင့် အမျိုးသားများက (၃.၃) လီတာ သောက်သုံးသင့်ကြောင်း ဆေးဌာနက အကြံပြုထားပါတယ်။ အသီးအရွက်များမှ ရရှိနိုင်သော ရေဓာတ်များလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့က ပူပြင်းသည့်နေရာတွင် အလုပ်လုပ်စဉ်၊ ခွန်အားသုံးရတဲ့ အလုပ်တွေ လုပ်နေစဉ်၊ ကိုယ်ဝန်ရှိနေစဉ်နှင့် ကလေးနို့ချိုတိုက်ကျွေးနေချိန်များတွင် ရေကို ပိုသောက်သုံးဖို့ လိုအပ်ပါတယ်။ ရေနွေးပူပူတစ်ခွက်နဲ့ တစ်နေ့တာကို စတင်ပြီး ရေနွေးပူပူလေးနဲ့ပဲ  တစ်နေ့တာကို အဆုံးသတ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ရေဓာတ်ကို မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ရေတစ်ခွက်ရဲ့ တန်ဖိုးကို လျော့မတွက်သင့်ပါဘူး။

(၆) အအေးဒဏ်ထဲမှာ တုန်ခါနေခြင်းကို လျော့ချပေးနိုင်ခြင်း။

ခန္ဓာကိုယ်က ချမ်းအေးတဲ့အချိန်မှာ အလိုအလျောက်ကို တုန်နေတတ်ပါတယ်။ ရေနွေးပူပူလေးကို သောက်သုံးလိုက်ခြင်းက ခန္ဓာကိုယ်တုန်ခါမှုကို လျော့ချပေးနိုင်ပါတယ်။ အဝတ်အစားတွေ နွေးနွေးထွေးထွေးဖြစ်အောင် ဝတ်ဆင်ပြီး ရေနွေးပူပူလေးတစ်ခွက်ကို သောက်သုံးလိုက်ပါ။ ဒါက ခန္ဓာကိုယ်ကို လိုအပ်တဲ့ အနွေးဓာတ်ကို ပေးနိုင်ပါလိမ့်မယ်။ အေးခဲတဲ့ဒေသတွေမှာ အလုပ်လုပ်တဲ့လူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေအတွက် ဒါလေးက အသုံးဝင်စေမှာပါ။

(၇) သွေးလည်ပတ်မှုအားကောင်းစေခြင်း။

သွေးလည်ပတ်စီးဆင်းမှုကောင်းခြင်းက သွေးပေါင်ချိန်ကနေ နှလုံးသွေးကြောရောဂါများအထိ အရာအားလုံးကို သက်ရောက်စေနိုင်ပါတယ်။ ရေနွေးဖြင့် ရေချိုးခြင်းက သွေးလည်ပတ်သည့် အင်္ဂါတွေ၊ သွေးကြောတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်လျှောက်သွေးလည်ပတ်မှုကို ပိုထိထိရောက်ရောက်ဖြစ်စေနိုင်ပါတယ်။ ရေနွေးပူပူလေးကို သောက်ခြင်းကလည်း တူညီသည့် အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပါတယ်။ သို့သော် အကျိုးသက်ရောက်တယ်လို့ ဖော်ပြထားတဲ့ သုတေသနကတော့ အနည်းငယ်ပဲ ရှိပါတယ်။ ဒါ့အပြင် ရေနွေးပူပူလေးကို သောက်သုံးခြင်း သို့မဟုတ် ညဘက်မှာ ရေနွေးဖြင့် ရေချိုးခြင်းတို့က ကျွန်တော်တို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။