ဥက္ကလာဆေးရုံမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ 𝐖𝐨𝐫𝐥𝐝 𝐒𝐭𝐫𝐨𝐤𝐞 𝐃𝐚𝐲 အထိမ်းအမှတ် အသိပညာပေး ပွဲကြီးရဲ့ ပုံရိပ်များ ✨❤️
ဥက္ကလာဆေးရုံမှာ ကျင်းပခဲ့တဲ့ “𝐖𝐨𝐫𝐥𝐝 𝐒𝐭𝐫𝐨𝐤𝐞 𝐃𝐚𝐲 အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကြီး” အောင်မြင်စွာနဲ့ ပြီးမြောက်သွားခဲ့ပါပြီရှင်။
လေဖြတ်ခြင်း (𝐒𝐭𝐫𝐨𝐤𝐞) ဆိုတာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းမှာတင် လူတစ်ယောက်ရဲ့ ဘဝနဲ့ မိသားစုတစ်ခုလုံးကို ရုတ်တရက် ပြောင်းလဲသွားစေနိုင်တဲ့ အန္တရာယ်ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တာကြောင့် ရောဂါလက္ခဏာများကို စောစီးစွာ သတိပြုမိပြီး စနစ်တကျ ကြိုတင်ကာကွယ် ထိန်းသိမ်းတတ်ဖို့က အလွန်အရေးကြီးပါတယ်!
ဒီပွဲလေးမှာ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ အထူးကု ပါမောက္ခဆရာမကြီးများဖြစ်ကြတဲ့
🔹ပါမောက္ခ ဒေါက်တာမိုးမိုးဇော် နှင့်
🔹ပါမောက္ခ ဒေါက်တာအေးအေးစန်း တို့ကိုယ်တိုင် ကြွရောက်ပြီး
လေဖြတ်ခြင်း ရောဂါနဲ့ ပတ်သက်ပြီး စနစ်တကျ ကြိုတင်ကာကွယ်နည်းများ
သတိထားရမယ့် ရောဂါလက္ခဏာရပ်များနှင့် ကုသပုံများ စတဲ့ အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေကို ပြည်သူလူထုအတွက် လှိုက်လှိုက်လှဲလှဲ ဝေမျှဟောပြောပေးခဲ့ကြပြီး တက်ရောက်လာသူတွေ သိလိုသမျှ မေးမြန်းနိုင်မယ့် အမေးအဖြေ (𝐐&𝐀) အစီအစဉ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
တက်ရောက်လာသူတွေအတွက် 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 ကံစမ်းမဲအစီအစဉ်အဖြစ် 𝟐𝟏𝟑,𝟎𝟎𝟎 ကျပ်တန် 𝐇𝐞𝐚𝐫𝐭 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 𝐏𝐚𝐜𝐤𝐚𝐠𝐞 (၅) ခု နဲ့ 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 အမှတ်တရလက်ဆောင် (၁၀) ဆုတို့ကို မဲဖောက်ပေးခဲ့သလို ဧည့်ခံကျွေးမွေးရေး အစီအစဉ်တွေနဲ့လည်း နွေးထွေးစွာ ဧည့်ခံပေးခဲ့ပါသေးတယ်…✨❤️
ရောဂါဖြစ်ပွားမှ ကုသခြင်းထက် မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေပါ လေဖြတ်ခြင်းအကြောင်း မှန်မှန်ကန်ကန် သိရှိပြီး အချိန်မီ ကြိုတင်ကာကွယ် ထိန်းသိမ်းထားနိုင်မှသာ ဒီအန္တရာယ်ကနေ ထိရောက်စွာ ကင်းဝေးနိုင်မှာပါနော်..✨❤️
ဒီပွဲလေး အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တန်ဖိုးရှိတဲ့ ဗဟုသုတတွေ လာရောက်မျှဝေပေးကြတဲ့ ပါမောက္ခဆရာမကြီးများ၊ ပင်မစပွန်ဆာအဖြစ် ဂုဏ်ယူစွာ ပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်ပေးခဲ့ကြသော Value HealthCare (Premier Provider in Healthcare Solutions) နဲ့တကွ တက်ရောက်အားပေးကြတဲ့ ဧည့်သည်တော်ကြီးများအားလုံးကို ဥက္ကလာဆေးရုံ မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်…✨❤️
#WorldStrokeDay
#EveryM1nuteCounts
#ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့
#ပညာပေးဟောပြောပွဲ
#Value HealthCare
#OKKALA_Hospital































