24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Our Activities & CSR Program

OSC ဆေးရုံမိသားစု၏ CSR ဆေးကုသရေးအဖွဲ့၏အလှူ

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော အားပြင်းငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများအတွက် OSC ဆေးရုံမိသားစုမှ CSR ဆေးကုသရေးအဖွဲ့သည် ကွင်းဆင်းကူညီစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

OSC ဆေးရုံမိသားစုမှ CSR ‌ဆေးကုသရေးအဖွဲ့၏

  • ၄.၄.၂၀၂၅ (သောကြာနေ့) မှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာ၊ ရွှေဟင်္သာဘုန်းကြီးကျောင်းတွင် ကျား (၄၁) ဦး၊ မ (၅၅) ဦး၊ စုစုပေါင်း (၉၆) ဦး
  • ၅.၄.၂၀၂၅ (စနေနေ့)မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမော်ကွန်းတိုက်များဦးစီးဌာနရှိ ဝန်ထမ်း ကျား (၁၁) ဦး၊ မ (၂၇) ဦး၊ စုစုပေါင်း (၃၈) ဦး
  • ၆.၄.၂၀၂၅ (တနင်္ဂနွေနေ့) မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမော်ကွန်းတိုက်များဦးစီးဌာနရှိ ဝန်ထမ်း ကျား (၁၇) ဦး၊ မ (၁၈) ဦး၊ စုစုပေါင်း (၃၅) ဦး
  • ၇.၄.၂၀၂၅ (တနင်္လာနေ့)မှာ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ ဘုန်းကြီးကျောင်းရှိ ရဟန်းရှင်လူ အိမ်ထောင်စု မိသားစု ကျား (၃၄) ဦး၊ မ (၉၉) ဦး၊ စုစုပေါင်း (၁၃၃) ဦး
  • ၈.၄.၂၀၂၅ (အင်္ဂါနေ့) မှာ ဇမ္ဗူသီရိမြို့နယ်၊ ဘဏ်လမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် ဝန်ထမ်းနှင့် အိမ်ထောင်စုဝင် မိသားစု ကျား (၂၅) ဦး၊ မ (၈၁) ဦး၊ စုစုပေါင်း (၁၀၆) ဦး
  • ၉.၄.၂၀၂၅ (ဗုဒ္ဓဟူးနေ့)မှာ ဥပဒေရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၅) ဝန်ထမ်းနှင့် အိမ်ထောင်စုဝင် မိသားစု ကျား (၂၅) ဦး၊ မ (၃၂) ဦး၊ စုစုပေါင်း (၅၇) ဦး
  • ၁၀.၄.၂၀၂၅ (ကြာသပတေးနေ့)မှာ ဝဇီရာနန္ဒသုဗောဓာရုံ (ပါချုပ်ဆရာတော် ဘုရားကြီး) ၏ ကျောင်းတိုက် ရဟန်း ကျား (၂၀) ဦး
  • ၁၁.၄.၂၀၂၅ (သောကြာနေ့)မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (အများပိုင်) ဝန်ထမ်းနှင့် အိမ်ထောင်စုဝင် မိသားစု ကျား (၃၅) ဦး၊ မ (၅၂) ဦး၊ စုစုပေါင်း (၈၇) ဦး

စုစုပေါင်း လူနာ (၅၇၂) ဦး တိတိတို့၏ ကျန်းမာရေးလိုအပ်ချက်များကို ကြည့်ရှုကုသပေးပြီး လိုအပ်သော ဆေးဝါးများ အခမဲ့ ပေးအပ်လှူဒါန်းခဲ့သည့် ဆေးကုသမှု မှတ်တမ်းတင်ပုံရိပ်များအား ပြန်လည်မျှဝေရင်း ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးမှာ အားကြိုးမာန်တက် သွားရောက်ကူညီပေးခဲ့ကြတဲ့ OSC CSR ဆေးကုသရေးအဖွဲ့ဝင် တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်..