
🔹အစ်မအမျိုးသားနာမည်က ဦးမျိုးမင်းထွန်းပါ။
🔹အသက်က (၄၂) နှစ်ပါ။
🔹အစ်မတို့နေတာက ရွှေပေါက္ကံဘက်မှာပါ။
🔹အရင်က ရောဂါတွေဘာတွေလည်းမဖြစ်ဖူးဘူး။ ဒါပေမဲ့ ဒီလိုမဖြစ်ခင် မတိုင်မီလေးကတော့ ဒူးနာတယ်လို့ ပြောတယ်။ ဒူးနာတာကို အရိုးအကြောနဲ့တော့ သွားပြလိုက်သေးတယ်။ သွေးတိုးကတော့ နည်းနည်းရှိတာပေါ့။
🔹ဆေးခန်းမှာ သွေးပေါင်သွားချိန်လိုက်၊ ဆရာဝန်ပေးတဲ့ဆေးတွေသောက်လိုက်၊ သံပုရာရည်လေးသောက်လိုက် အဲ့လိုနဲ့ နေလာတာပေါ့။ သွေးတိုးက ၁၃၀/၁၄၀ လောက်အထိတက်တယ်။ အဲ့လိုလေးတွေ နည်းနည်းတော့ ရှိတာပေါ့။ တခြားတော့ ဘာလက္ခဏာမှကို မပြခဲ့ပါဘူး။
🔹တစ်ခုတော့ ရှိတာပေါ့။ ဒီရက်ပိုင်းတော့ ပစ္စည်းပို့ပြီးပြန်လာရင် ဘာဖြစ်တာလဲမသိဘူး အခုတလော မောချင်နေတယ်လို့တော့ ပြောတယ်။ မဖြစ်ခင် တစ်လနှစ်လလောက်မှာ အဲ့လိုတော့ ပြောခဲ့ဖူးတာပေါ့။ အစ်မတို့ကကျတော့ သူ့ကို အသက်ကကြီးလာတော့ ဇရာကပြပြီလေဆိုပြီး စလိုက်တာ။ အဲ့တစ်ခုပါပဲ။
🔹ဖြစ်တာကတော့ ရွှေပြည်သူဘက်မှာ ဖြစ်သွားတာ။ ရွာဘက်ကို ရှင်ပြုအလှူလုပ်ဖို့ ပစ္စည်းပို့ပြီးပြန်လာတော့ဖြစ်တာပေါ့။ လမ်းမှာ ကားမောင်းလာတုန်းကလဲ အကောင်းပဲ။ သူငယ်ချင်းတွေနဲ့တောင် နှုတ်ဆက်ခဲ့သေးတယ်။ အသိအိမ်ရောက်တော့ ကားပါကင်ထိုးလိုက်တယ်။ ကားပေါ်ကဆင်းဖို့ ကားတံခါးဖွင့်ရမှာကို ဖွင့်လို့မရတော့ဘူး။
🔹အဲ့အချိန်မှာ အစ်မတို့ကကြ အိမ်မှာလေ။ အဲ့မှာ ကားမီးတွေက လင်းနေတယ်။ သူကားပေါ်ကဘာလို့မဆင်းတာလဲဆိုပြီး အသိအစ်မတွေက သွားကြည့်လိုက်တော့မှ စီယာတိုင်ပေါ်မှာ လုံးဝကို မှောက်နေတာ။ အစ်မတွေပြောတာတော့ တစ်ကိုယ်လုံးအေးစက်ပြီးတော့ ချွေးစေးတွေထွက်လာတာတဲ့။
🔹အဲ့တည်းက သတိလစ်သွားတာ။ အစ်မတို့က အဲ့အချိန်တုန်းက အိမ်မှာပဲ။ အသိတွေဖုန်းလှမ်းဆက်မှ ယောက်ျားက ဒီလိုဒီလိုဖြစ်နေတယ်ပေါ့ဆိုပြီးသိရတာ။ ယောင်းမက လူနာကို OSC ကိုပဲ အိမ်ကနေ တိုက်ရိုက်သွားပို့လိုက်ကြတာ။
🔹ဒီဆေးရုံမှာ အရင်ကတော့ မပြဖူးပါဘူး။ ဒါပေမဲ့ အသိတွေရှိတယ်လေ။ အဲ့မှာ ဖုန်းတွေဆက်တော့ ဒီကိုလာခဲ့လိုက်လို့ ပြောတော့ လာဖြစ်သွားတာပေါ့။
ဆေးရုံမှာ အရေးပေါ်ကနေ ချက်ချင်းပဲ ICU ကိုတန်းရောက်သွားတာ။
🔹အရေးပေါ်ရောက်တော့ နှလုံးက ရပ်သွားတာလေ။ စက်နဲ့ ပြန်နှိုးထားရတာ။ ICU ထဲမှာလည်း တစ်ခါထပ်ရပ်သွားသေးတယ်။ အထူးကုဆရာဝန်ကြီးသုံးယောက်နဲ့ပြရတာ။ လူကကြီးကြီးမားမားဖြစ်သွားတာဆိုတော့ ဆရာဝန်ကြီးတွေကတော့ ကြိုးစားကြည့်ပေးမယ်လို့ ပြောတာပေါ့။
🔹ICU ထဲမှာတင် သူက တစ်လကျော်ကြာသွားတာ။ သုံးပတ်လောက်ကြာမှ ICU ထဲမှာ သတိပြန်လည်လာတာ။ သတိပြန်လည်လာတာဆိုပေမဲ့ ပိုက်တန်းလန်းတွေနဲ့ပေါ့။ မျက်လုံးလေးဖွင့်လာတော့ သိလားဆိုတော့ မျက်စိမှိတ်ပြတယ်လေ။
🔹ICU ထဲမှာ တစ်လကျော်လောက်ကြာပြီးတော့မှ Ward ထဲကို ရွေ့ရတာပေါ့။ Ward ထဲမှာလည်း တစ်လကျော်လောက်ကြာခဲ့တယ်။ နှလုံးရယ်၊ ဦးနှောက်ရယ် ထိတာဆိုတော့ နှလုံးအထူးကုဆရာဝန်ကြီးရယ်၊ ဦးနှောက်နဲ့အာရုံကြောဆရာမကြီးရယ်နဲ့ တွဲပြီးတော့ ပြရတာပေါ့။
🔹သူအခုလိုပြန်ကောင်းလာတာက တကယ့်ကို ဆရာမတွေ တော်ကြလို့ပါ။ ကျေးဇူးတော်တော်လေးတင်ပါတယ်။ ICU က ဆရာမတွေဆိုရင်လည်း ကိုယ့်လူနာအပေါ်ကို ဂရုစိုက်ပေးကြတယ်။ စတက်တုန်းကဆို ICU ကဆရာမတွေကို သိပ်ကျေးဇူးတင်တာပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်လူနာကိုလေ ဂရုတစိုက်နဲ့လုပ်ပေးတယ်ကွာ၊ ဒေါက်တာတွေကလည်း တအားသဘောကောင်းတယ်။
🔹တကယ့်ကို စိတ်ကျေနပ်မှု ရခဲ့ပါတယ်။ ဝန်ဆောင်မှုကတော့ တကယ်ကို ကောင်းပါတယ်။ Ward ထဲက သူနာပြုလေးတွေ၊ ဆရာ၊ဆရာမတွေအကုန်လုံးကလဲ သဘောကောင်းကြတယ်။ သေချာလည်းပြုစုပေးကြတယ်။ ဆရာမတွေကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။
🔹မိဘဆွေမျိုးတွေကလည်း ကူညီပြီးလုပ်ပေးကြတယ်။ အကုန်လုံးက ကူညီကြတော့ အခုဆို သူ့ဘာသာတောင် အကူအညီမပါဘဲ လမ်းလျှောက်နိုင်နေပြီလေ။ နည်းနည်းလေးပေါ့။ အကြာကြီးတော့ မလျှောက်နိုင်သေးဘူး။ စကားကတော့ သိပ်မပြောနိုင်သေးဘူးပေါ့။
🔹အခုလို ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးများနဲ့တကွ ဆေးရုံက ဆရာ၊ဆရာမလေးတွေအကုန်ရော၊ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ဆွေမျိုးမိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်။👨⚕️👩⚕️❤️🏥🌟
#ရင်တွင်းခံစားချက်
#PatientTestimonial
#SuccessStory
#OKKALA_Hospital