



▶️အစ်မနာမည်က စုစုမိုးပါ၊
▶️လှည်းကူးနယ်ကနေ လာတာပါ။
▶️ကိုယ်ဝန်စစအပ်ခါစတုန်းကတော့ အခုဆရာကြီးနဲ့ မဟုတ်ဘဲ တခြား ဆရာမတစ်ယောက်နဲ့ ပြသခဲ့တာပါ။
▶️ဆရာကြီးနဲ့ ဆေးခန်းစပြဖြစ်တာကတော့ ကိုယ်ဝန်သက်တမ်း အလယ်လောက် ရောက်မှပါ။
တကယ်တော့ ကလေးရှိနေမှန်း သိလိုက်ရတာက အမှတ်မထင်ပါပဲ…😮 ကျောက်ကပ်များ ထိခိုက်နေမလားဆိုပြီး စိုးရိမ်လို့ အာထရာဆောင်း သွားရိုက်ကြည့်ရာကနေ ကလေးရှိနေတာကို အရင်ဆုံး သိလိုက်ရတာပါ။
အဲ့ဒါနဲ့ ဆရာမနဲ့ ကိုယ်ဝန်အပ်ပြီး အာထရာဆောင်း ထပ်ရိုက်ကြည့်တော့မှ ကလေးက သုံးမွှာပူးလေး ဖြစ်နေမှန်း သိလိုက်ရပါတယ်။ 👶👶👶
အဲ့ဒီအချိန်မှာ တကယ့်ကို Surprise ဖြစ်သွားပြီး ထင်လည်းမထင်ထားမိပါဘူး။ ဟိုဘက်ဒီဘက် မိသားစုနှစ်ဖက်လုံးမှာလည်း အမွှာမျိုးရိုး မရှိတာကြောင့် “ဟုတ်ရော ဟုတ်ရဲ့လား” လို့တောင် ပြန်တွေးမိပြီး အရမ်းကို အံ့အားသင့်သွားရပါတယ်။ပထမသားကြီးရဲ့ အသက်ကလည်း ၁၅ နှစ်တောင် ရှိနေပြီဆိုတော့ အခုလို သုံးမွှာပူးရမယ်လို့ တစ်ခါမှ စိတ်မကူးထားမိဘူးလေ။ 👨👩👦👦
ဒါပေမဲ့ တော်သေးတာက သုံးမွှာပူး ကိုယ်ဝန်ကြီး လွယ်ထားရပေမဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာတော့ ထူးထူးခြားခြား အခက်အခဲကြီးကြီးမားမား သိပ်မရှိခဲ့ပါဘူးရှင်…👍
လရင့်လာတော့ နေရထိုင်ရခက်၊ သွားရလာရခက်ပေါ့။ 🤰 အဲ့တာအပြင် ကျန်တာတော့ အရမ်းကြီးခက်ခက်ခဲခဲမရှိပါဘူး။ ဆရာကြီးက အရမ်းသဘောကောင်းတယ်။ 🥰 အရမ်းလည်းတော်တဲ့ဆရာကြီးပါ။ ဆရာကြီးကိုယုံကြည်ပြီးတော့ကို စိတ်ချလက်ချကို ဖြစ်သွားတာ။ ဆရာကြီးက တော်တော်လေး စိတ်ရှည်ပါတယ်။ 👨⚕️✨
ဆရာကြီးကို ပထမဆုံးစတွေ့ကတည်းက ကိုယ်တွေက စိတ်အေးသွားတာ၊ အစတော့ သုံးယောက်ဆိုတော့ စိုးရိမ်စိတ်တွေများတာပေါ့။ ဆရာကြီးနဲ့ တွေ့ပြီးတော့မှ စိတ်အေးသွားတာ။ 👨⚕️✨
သတ်မှတ်ထားတဲ့အချိန်အထိစောင့်ပြီး အောင်မြင်စွာမွေးဖွားပေးနိုင်လို့ ဆရာကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်…💐
ဆေးရုံဝန်ဆောင်မှုကလည်း အတော်လေး အဆင်ပြေပါတယ်။
Service ကောင်းတယ်…👍
သွားရေးလာရေးလည်းကောင်းတယ်လေ…🛣️
ဧည့်သည်တွေက သတင်းတွေဘာတွေလာမေးတဲ့အခါကျတော့ ဒီနေရာက လမ်းမတန်းဆိုတော့ အဆင်ပြေတာပေါ့…✨
အကုန်ပြည့်ပြည့်စုံစုံရှိနေတော့ ဒီမှာက အတော်လေးကို အဆင်ပြေပါတယ်။💯
မမွေးခင်မှာ အခန်းတွေဘာတွေ လိုက်ကြည့်တော့ အခန်းတွေက ကျယ်တော့ စိတ်ကျေနပ်သွားတာနဲ့ ဒီမှာပဲ မွေးဖြစ်သွားတာ။ 🏥
ကလေးအထူးကုဆရာဝန်မကြီးကလည်း နေ့တိုင်းလာကြည့်ပေးတယ်လေ။ အတော်လေးကို အဆင်ပြေတယ်..👩⚕️
သမီးလေးသုံးယောက်ကို အောင်အောင်မြင်မြင်ခွဲစိတ်မွေးဖွားပေးခဲ့လို့ ဆရာကြီးကိုတော့ ကျေးဇူးအထူးတင်ပါတယ်။ 👧👧👧🎉
ဆရာကြီးက အစ်မတို့ရဲ့ ကျေးဇူးရှင်ကြီးပါ..❤️
ဥက္ကလာဆေးရုံကတော့ အတော်လေးကို ကောင်းပါတယ်…🏥
ဝန်ဆောင်မှုရော၊ ဝန်ထမ်းတွေရောပေါ့.. 🌟
အခန်းတွေကလည်းကျယ်တော့ လာတဲ့လူတိုင်းက ဈေးကြီးမယ်ထင်ကြတာ။ဒါပေမဲ့ ဈေးနှုန်းပြောပြလိုက်ရင် ဈေးသင့်တယ်ဆိုပြီး လူတိုင်းပြောကြတယ်။ 💰👌
ဆရာ၊ ဆရာမလေးတွေကလည်း အမြဲခေါ်လိုက်တိုင်း လာပေးတယ်။ 🤝 အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ 🙏
#ရင်တွင်းခံစားချက် #မေမေတို့သိစေဖို့ #သုံးမွှာပူးမေမေ #အောင်မြင်စွာမွေးဖွားခြင်း #TripletMom #PatientTestimonial #SuccessStory
#OKKALA_Hospital