မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ခံစားနေရတဲ့ ရင်သွေးငယ်လေးတွေရဲ့ မျက်နှာပေါ်မှာ လှပတဲ့ အပြုံးပန်းလေးတွေ ပြန်လည်ဝေဆာလာစေဖို့အတွက် OKKALA Hospital နဲ့ ATOM Myanmar တို့ ပူးပေါင်းစီစဉ်တဲ့ “ATOM’s Lifetime Gift, ATOM ရဲ့ ဘဝတစ်သက်တာ လက်ဆောင်မွန်” အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါပြီရှင်။ 🎉🏥
ပြီးခဲ့တဲ့ (၂၃.၅.၂၀၂၆) ရက်နေ့က မိဘများနှင့် ကလေးငယ်များကို ဆေးရုံကြီးမှာ စနစ်တကျ တွေ့ဆုံစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး၊ 🩺 (၂၄.၅.၂၀၂၆) ရက်နေ့ကမှာ ပထမအသုတ် အသက် ၁၂ နှစ်အောက် ကလေးငယ် စုစုပေါင်း (၁၀) ဦးကို (လုံးဝ) အခမဲ့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ❤️
ကလေးငယ်တွေရဲ့ ပိုမိုတောက်ပလာမယ့် အနာဂတ်နဲ့ မိဘပြည်သူတွေရဲ့ မျက်နှာပေါ်က ဝမ်းသာကြည်နူးရတဲ့ အပြုံးတွေကို မြင်တွေ့ရတာဟာ ကျွန်မတို့ ဥက္ကလာဆေးရုံကြီးနဲ့ ATOM Myanmar အဖွဲ့သားအားလုံးအတွက် အတိုင်းမသိ ဝမ်းမြောက်စရာ ဘဝတစ်သက်တာ လက်ဆောင်မွန်တစ်ခုပါပဲ။ 🥰🌟
မိမိတို့ရဲ့ ရင်သွေးငယ်များ ပိုမိုတောက်ပတဲ့ အပြုံးပန်းလေးတွေ ဆင်မြန်းနိုင်ဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ 📝 မိဘပြည်သူများအနေနဲ့လည်း အခုလို ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ မိမိတို့ပတ်ဝန်းကျင်က ကလေးငယ်တွေကို အစီအစဉ်ကို သိရှိနိုင်စေဖို့ ဒီသတင်းကောင်းကို ပြန်လည်မျှဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 🔄နွေးထွေးစွာဖြင့်
ဆက်သွယ်စာရင်းပေးသွင်းရန် ဖုန်းနံပါတ်များ: 📞
• 09-771531814
• 09-963062003
“မိမိတို့ရင်သွေးလေးများ ပြုံးပန်းအလှဆင်နိုင်ဖို့အတွက် ဥက္ကလာဆေးရုံနဲ့ ATOM Myanmar တို့မှ ကူညီပါရစေ။”🤝💖
#အပြုံးများဖြင့်ကမ္ဘာကြီးကိုအလှဆင်မည်
#ATOMsLifetimeGift
#ATOMရဲ့ဘဝတစ်သက်တာလက်ဆောင်မွန်
#OKKALAHospital
















