24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Testimonials

အူမကြီးကင်ဆာကို မှန်ပြောင်းဖြင့်ခွဲစိတ်ခဲ့သည့်လူနာတစ်ဦး၏ ရင်တွင်းစကားသံ

လူနာနာမည်က ဦးဗန်ပန်ပါ။

အသက် (၇၂) နှစ်ပါ။

မင်္ဂလာဒုံ သစ်ဆိမ့်ကုန်း ကနေ လာပြီးကုသမှုခံယူခဲ့တာပါ။ OSC ဆေးရုံ မှာ ပုံမှန်ပြနေကျပါ။ လူနာရဲ့ အမျိုးသမီးတုန်းကလည်း OSC ဆေးရုံမှာ တစ်လတောင် ဆေးရုံတက်ခဲ့ပါတယ်။ အဲ့တာကြောင့် လူနာနေမကောင်းဖြစ်တဲ့အချိန်မှာလည်း ဒီဆေးရုံကိုပဲ လာတက်ခဲ့တာပါ။

ဖြစ်ပုံကတော့ ပထမဆုံး ဝမ်းချုပ်တာပေါ့။ ဝမ်းသွားတိုင်းလည်း သွေးပါလာပါတယ်။ ဝိတ်တွေဘာတွေတော့ မကျသွားဘူး။ ပုံမှန်အတိုင်းပဲ စားနိုင်သောက်နိုင်တယ်။ဒီလိုနဲ့ (၆) လ လောက် ကြာတော့ ဆေးခန်းပြကြည့်လိုက်တာ။

ဆရာဝန်နဲ့ ပြပြီးတော့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်လိုက်တဲ့အခါ အကျိတ်ကို သွားတွေ့တယ်။ ဒီလိုနဲ့ OSC ဆေးရုံကြီးမှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးနေအောင်ထွန်းနဲ့ ပြဖြစ်ခဲ့တယ်။

ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးနေအောင်ထွန်းက လူနာရဲ့ ရာဇဝင်၊ ဆေးစစ်ချက်များနှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ထားတဲ့ ရလဒ်တွေအပေါ်မူတည်ပြီး လူနာနဲ့ သင့်တော်တဲ့ Laparoscopic ARR (မှန်ပြောင်းဖြင့် အူမကြီးကင်ဆာအားခွဲစိတ်ခြင်း) နည်းဖြင့် ခွဲစိတ်ပုံ အဆင့်ဆင့်ကို သေချာစွာ ရှင်းပြပြီးမှ ခွဲစိတ်ဖြစ်ခဲ့ပါတယ်။

ဒီ Laparoscopic ARR မှန်ပြောင်းနှင့် ခွဲစိတ်ကုသခြင်းဟာ ဆေးရုံတက်ရောက် ကုသရက်မှာ သာမန်ရိုးရိုးဗိုက်ခွဲပြီး ခွဲစိတ်ကုသခြင်းထက် ဆေးရုံတက်ရက်ကလည်း တိုတယ်။ ခွဲစိတ်ပြီး နလန်ထမြန်လို့ အိပ်ရာပေါ်မှာ ကြာရှည်စွာ မနေရဘဲ နိစ္စဒူဝ လုပ်ငန်းဆောင်တာတွေကို ပြန်လည် လုပ်ဆောင် နိုင်တယ်။ ခွဲစိတ်ဒဏ်ရာတွေကလည်း အပေါက်ငယ်လေးတွေပဲကျန်တယ်။ သာမန်ခွဲစိတ်မှုတွေမှာ ခံစားရတဲ့ ခွဲစိတ် ဒဏ်ရာ၏ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ခဲ့တာကို လက်တွေ့ခံစား သိရှိခဲ့ရတဲ့အတွက် လူနာက ခွဲစိတ်ကုသခြင်းကို တော်တော်လေး သဘောကျမိကြောင်းလည်း ပြောပြခဲ့ပါတယ်။

Laparoscopic နဲ့ ခွဲစိတ်တာက ရိုးရိုးခွဲစိတ်ကုသမှုလိုပဲ ကင်ဆာအကျိတ်တွေကို ကုန်စင်အောင် ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း ခွဲစိတ်ပြီးနောက်ပိုင်း ရရှိသော အသားစအဖြေတွေအရ သိရလို့ လူနာမှ များစွာ ဝမ်းသာခဲ့ရပါတယ်။

ယခုလို Laparoscopic မှန်ပြောင်းဖြင့် အူမကြီး ကင်ဆာအကျိတ်အား အောင်မြင်စွာ ခွဲစိတ်မှုပေးခဲ့သော ဆရာကြီး ပါမောက္ခဒေါက်တာဦးနေအောင်ထွန်း နှင့် နွေးထွေးသော မေတ္တာဖြင့် ပြုစုကုသပေးခဲ့သော OSC ဆေးရုံအားလည်း များစွာ ကျေးဇူးတင်ရှိပါကြောင်း လူနာကပြောကြားခဲ့ပါတယ်။

လူနာဦးဗန်ပန်က ဆရာကြီးပါမောက္ခဒေါက်တာဦးနေအောင်ထွန်းကိုလည်း “ဆရာကြီးရဲ့ ဒီကျေးဇူးကို ဒီတစ်သက် မမေ့ပါဘူး” ဟုလည်း ပြောကြားသွားခဲ့ပါသေးတယ်။