24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Testimonials

မှန်ပြောင်းဖြင့် သည်းခြေကျောက် ခွဲထုတ်ခဲ့သည့်လူနာတစ်ဦး၏ ရင်တွင်းစကားသံ Laparoscopic cholecystectomy Case

မင်္ဂလာပါ အရင်ဆုံး အစ်မ အကြောင်းလေး မိတ်ဆက်ပေးပါအုံးရှင်။

အစ်မနာမည်က မရွှေမှုန်ဝင်းပါ။ အသက်က (၄၁) နှစ်ပါ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေ လာရောက်ကုသမှု ခံယူခဲ့တာပါ။

OSC ဆေးရုံကို ရွေးချယ်ပြီး လာရောက်ကုသမှု ခံယူခဲ့ပုံလေး ပြောပြပေးပါအုံးရှင်။

အရင်ကတော့ ဒီဆေးရုံမှာ မပြဖူးသေးပါဘူး။

ဒီဆေးရုံမှာထိုင်တဲ့ ကလေးအထူးကုဆရာဝန်မကြီးက ကျွန်မရဲ့ အစ်မပါ။ ပြီးတော့ ကျွန်မအစ်ကိုကလည်း OSC ဆေးရုံမှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရွှေဘော်နဲ့ ပြကြည့်ဖို့ ပြောတာပါ။ ဆရာကြီးက လူနာကိုလည်း ဂရုစိုက်တယ်။ ကောင်းတယ်ဆိုပြီးတော့ ဆရာကြီးနဲ့ ပြခိုင်းတာပါ။ ဒါကြောင့် OSC ကို ရောက်လာခဲ့တာပါ။

ဆရာကြီး နဲ့ ပြသပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပုံကိုလည်းပြောပြပေးပါအုံးရှင်။

ဖြစ်တာကတော့ (၆) လလောက်ရှိပါပြီ။ သံတွဲမှာ ပြတော့ အူရောင်တယ်ဆိုပြီးတော့ ဆေးသောက်လာခဲ့တာ(၆) လလောက်ရှိနေပါပြီ။ မသက်သာဘူးလေ။ အခုတလောဗိုက်က ခဏခဏအောင့်လာတာနဲ့ ဆရာကြီးနဲ့ ပြလိုက်တော့ ဆရာဦးရွှေဘော်က အူရောင်တာမဟုတ်ဘဲ သည်းခြေကျောက်တည်နေတာဖြစ်ကြောင်း ရှင်းပြပါတယ်။ ပြီးတော့ ကျောက်ကနည်းနည်းကြီးနေတော့ ကျောက်ခြေတာထက် ကျောက်ကို ခွဲထုတ်ရမယ်လို့ ပြောတယ်။ ဒါကြောင့် ဗိုက်မှာ မှန်ပြောင်းနဲ့ အပေါက်လေးတွေဖောက်ပြီး ခွဲထုတ်ဖို့ လုပ်ခဲ့တာပါ။

ခွဲစိတ်ပြီးနောက်ရော ဘယ်လိုခံစားရလဲ ပြောပြပေးပါအုံးရှင်။

ခွဲစိတ်ပြီးနောက်တော့ တော်တော်သက်သာသွားပါတယ်။ မှန်ပြောင်းနဲ့အပေါက်လေးဖောက်ပြီး ခွဲထုတ်တာဆိုတော့ နာကျင်မှုလည်း သိပ်မရှိပါဘူး။ ပြီးတော့ ရက်တိုတိုနဲ့ သက်သာတော့ ဆေးရုံလည်း အချိန်အကြာကြီးတော့မတက်ရဘူးပေါ့။ လေးငါးရက်လောက်ပဲကြာတယ်။ ဒီနေ့ဆို ဆေးရုံဆင်းပြီလေ။ အစားအသောက်ကတော့ (၃)ရက်လောက်ဆန်ပြုတ်ပဲ သောက်ဖို့ ဆရာကြီးက မှာလိုက်တယ်။

OSC ဆေးရုံရဲ့ ဝန်ဆောင်မှု နဲ့ပတ်သက်ပြီး ပြောပြပေးပါအုံးရှင်။

ဝန်ဆောင်မှုက အဆင်ပြေပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးတွေကလည်း တော်တော်ဂရုစိုက်တယ်။ တာဝန်ကျဆရာ၊ ဆရာမလေးတွေကလည်း ဂရုစိုက်တယ်။ အကုန်အဆင်ပြေပါတယ်။ သန့်ရှင်းရေးတွေကအစ အစစအရာရာ အကုန်အဆင်ပြေပါတယ်။

ဟုတ်ကဲ့ပါရှင့် ယခုလို အတွေ့အကြုံကောင်းလေးတွေကို မျှဝေပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်ရှင်

ဟုတ်ကဲ့။ ကျွန်မကလည်း ကျွန်မကို ကုသပေးခဲ့တဲ့ ဆရာကြီးအပါအဝင် ဆေးရုံကလူတွေအားလုံးကို ကျေးဇူးတင်ပါတယ်