အန်ကယ်နာမည်က ဦးတင်မောင်ဝင်းပါ။ အသက်က (၇၆) နှစ်ပါ။ ကျောက်တန်းကနေ လာရောက်ကုသမှု ခံယူခဲ့တာပါ။
ဖြစ်ပုံက ပုံမှန်လဲ သမားတော်တွေနဲ့ ပြနေကြ။ အဲ့တာကို ဟိုတလောက ငါးသလောက်နဲ့ ငါးပုတ်ခြောက်အငန်တွေစားမိပြီးတော့ သွေးတအားတိုးပြီး လေဖြတ်သလို ဖြစ်သွားတာ။
အန်ကယ့်သားကလဲ ဆရာဝန်လေ။ သူက မြောက်ဥက္ကလာဆေးရုံကြီးကပေါ့။ သူ့ညွှန်ကြားချက်နဲ့ OSC ဆေးရုံကို ရောက်လာတာ။
ဧပြီလ ၂၁ ရက်နေ့မှာ စပြီးတော့ ဆေးရုံတက်ခဲ့ရတယ်။ အခန်း (၃၀၄) မှာ ဆေးရုံတက်ခဲ့တာ။ ရောဂါကတော့ “နှလုံးစည်းချက်မမှန်တဲ့ရောဂါနဲ့ သွေးတိုးရောဂါအခံ” ပေါ့နော်။
တာဝန်ကျဆရာဝန်တွေ၊ သူနာပြုတွေက ရောဂါအကြောင်း သေချာရှင်းပြပြီးတော့ ဆောင်ရန်၊ ရှောင်ရန်တွေလည်း သေချာလေး ပြောပြပေးကြပါတယ်။
အန်ကယ်က ဖြစ်ဖြစ်ချင်း လမ်းတောင်မလျှောက်နိုင်ဘူးလေ။ တစ်ခုခုဆို အန်ကယ့်မိန်းမက တစ်ယောက်ထဲ အန်ကယ့်ကို တွဲမပို့နိုင်တော့ ဆေးရုံက ဆရာဝန်နဲ့ သူနာပြုဆရာမလေးတွေကပဲ အကုန်ဝိုင်းကူလုပ်ပေးကြတာ။
အဲ့တာကြောင့် အဓိက အဲ့ဒီ ၃ လွှာက ဆရာဝန်နဲ့သူနာပြုဆရာမလေးတွေကို အန်ကယ် တကယ့်ကို ကျေးဇူးတင်ပါတယ်။ သူတို့က တာဝန်ကျေတာထက်ကို ပိုခဲ့ပါတယ်။
အများကို ဝန်ဆောင်မှုပေးရတာဆိုတော့ ဘယ်ဆေးရုံမဆို လိုအပ်တာတွေ ရှိတတ်ကြပါတယ်။ သန့်ရှင်းရေးကလည်း ပြောတာနဲ့ ချက်ချင်းလုပ်ပေးတယ်။
အန်ကယ်က ဆေးရုံတော့ သိပ်မတက်ဖူးပေမဲ့ တက်ဖူးတဲ့ဆေးရုံတွေထဲမှာတော့ ဒီဆေးရုံဝန်ဆောင်မှုကို သဘောကျတယ်။
အလွှာတိုင်းမှာ watercooler ရှိနေတော့ ရေနွေးလိုချင်ရင် တကူးတကအောက်ဆင်းနေစရာမလိုဘူး။ လက်ဖက်ခြောက်လေးခပ်ပြီး သောက်ရုံပဲ။
ဆေးရုံတက်တာ စုစုပေါင်း (၁၂) ရက်လောက်ကြာတယ်။ နှလုံးရောဂါဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဦးမျိုးမြင့်ဦးရယ်၊ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်အေးအေးစန်းရယ် နှစ်ယောက်နဲ့ ပြတာပေါ့လေ။
ဆရာဝန်ကြီးတွေကလဲ ကိုယ့်ကို မိသားစုဝင်အတိုင်း ဆက်ဆံကြတော့ စိတ်ချမ်းသာတယ်။ လူနာပြောတဲ့စကားကို သေချာဂရုတစိုက်နားထောင်ပေးလို့ကို အန်ကယ်က ကျေးဇူးတင်ပါတယ်။
အခုလည်း နောက်ဆက်တွဲလေဖြန်းတဲ့ရောဂါကို ဆရာမကြီးဒေါ်အေးအေးစန်းနဲ့ နှလုံးသမားတော် ဒေါက်တာမျိုးမြင့်ဦး နှစ်ယောက်စလုံးနဲ့ ဆက်ပြပြီးတော့ ကုသမှု ခံယူနေပါတယ်။
ပြီးတော့ အန်ကယ်အခုဆို ကျန်းကျန်းမာမာနဲ့ လမ်းလျှောက်နိုင်တာက ကုသပေးတဲ့ဆရာဝန်ကြီးတွေရော၊ ဆေးရုံဝန်ထမ်းအားလုံးရဲ့ ကျေးဇူးတွေကြောင့်ပါ။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ အန်ကယ်ပြောချင်ပါတယ်။
#Patient_Testimonial
#ကုသမှုခေတ်မီမေတ္တာဖြင့်ကူညီOSCကိုသင်ယုံကြည်
#OSC_Hospital