24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

ရာသီလာချိန် စားသုံးသင့်သည့် အစားအသောက်များ

  • လတ်ဆတ်သောအသီးများ

ကျန်းမာရေးနှင့်ညီညွတ်သော အစာချေစနစ်ကို ရရှိနိုင်စေဖို့ ရာသီမလာမီမှာ အကြိုက်ဆုံး လတ်လတ်ဆတ်ဆတ်သစ်သီးများကို ဝယ်ယူထားပါ။

  • အစေ့အဆန်များ

ကောင်းမွန်သောအဆီများ သို့မဟုတ် Omega 3 စသည်တို့ ကြွယ်ဝသော အစားအသောက်များက အသင့်စားအစားအသောက်များမှာ ပါဝင်တဲ့ ကယ်လိုရီထက် ပိုပြီးတော့ ဖြည့်တင်းပေးနိုင်ပါတယ်။

  • ဂျုံများ

အသီးတွေလိုပဲ ဂျုံမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ရာသီလာစဉ်မှာ ပုံမှန်အတိုင်း နေထိုင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

  • အစိမ်းရောင်အရွက်များ

အစိမ်းရောင်အရွက်များမှာ ဗီတာမင်နှင့် သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ကြပါတယ်။ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားပြီး ရာသီလာစဉ်မှာ မကြာခဏဆိုသလို ဖြစ်လာတတ်တဲ့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

>>ရာသီလာစဉ်နာကျင်ကိုက်ခဲမှုများ ဖြစ်ပါက စားသောက်ရမည့် အစားအစာများ<<

  • ဗီတာမင် B6 ကြွယ်ဝသော အစားအသောက်များ

ဒီဗီတာမင်က စိတ်ဖိစီးမှုကို အံ့အားသင့်စရာကောင်းလောက်အောင် ချေဖျက်ပေးနိုင်ပါတယ်။ စိတ်ခွန်အားတိုးလာစေပြီး စိတ်ညစ်စရာတွေ ပျောက်ကင်းစေနိုင်ပါတယ်။ ရောင်ရမ်းနာကျင်မှုများကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အာလူး၊ ငှက်ပျောသီးနှင့် အုတ်ဂျုံမှုန့်များကို စားသုံးပေးပါ။ ဒီအစားအသောက်များကို ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများ ဖြစ်နေပါက စားသုံးနိုင်ပါတယ်။ ဒါက နာကျင်ကိုက်ခဲမှုများ သက်သာစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုများ ဖြစ်လာနိုင်စေတဲ့ နို့ထွက်ပစ္စည်းများ အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားပါ။ ရောင်ရမ်းမှုမဖြစ်အောင် အငန်ဓာတ်လွန်ကဲနေသည့် အစားအသောက်များကိုလည်း မစားပါနှင့်။

  • ချောကလက်

ချောကလက်က ကျန်းမာရေးနှင့် မညီညွတ်သောအစားအသောက်များကိုစားသုံးချင်စိတ် ပျောက်ကင်းစေနိုင်ပြီး စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုများကို ကူညီဖြေလျှော့ပေးနိုင်ပါတယ်။ ရာသီလာချိန်မှာ ချောကလက်ကို စားသုံးပေးပါ။

  • ကယ်ဆီယမ်ဓာတ်ကြွယ်ဝသည့် အစားအသောက်များ

အမျိုးသမီးတွေက ကယ်ဆီယမ် (၁၂၀၀) mg အထိ လိုအပ်ပါတယ်။ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဒိန်ချဉ်တို့ကို စားသုံးပေးပါ။ သင်္ဘောသီးနှင့် သရက်သီးတို့ကဲ့သို့ အသီးများနှင့် ဒိန်ချဉ်နှင့် ပြုလုပ်ထားသည့် ဖျော်ရည်များကို သောက်သုံးပါ။ စမုံစပါးက အသုတ်နှင့် ဖျော်ရည်များထဲမှာ ထည့်သုံးစားသုံးနိုင်သည့် အရသာကောင်းမွန်စေတဲ့ အရာတစ်မျိုး ဖြစ်ပါတယ်။ ဒါက ကယ်ဆီယမ်ဓာတ်လည်း ကြွယ်ဝပါတယ်။ နှမ်းစေ့ကိုလည်း ထည့်သုံးစားသောက်နိုင်ပါတယ်။

  • ရေ

ရေက အစားအသောက်မဟုတ်ပါဘူး။ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ရာသီလာစဉ်မှာ ပိုပြီးတော့ လိုအပ်ပါတယ်။ ရေက ရာသီလာစဉ်မှာဖြစ်ပေါ်တတ်သည့် ခေါင်းကိုက်ခြင်းနှင့် ရောင်ရမ်းမှုများဖြစ်လာစေနိုင်သည့် ဆိုဒီယမ်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေအရသာကို မကြိုက်ဘူးဆိုလျှင် အသီးများဖြင့် ဖျော်ရည်လုပ်ပြီး သောက်သုံးနိုင်ပါတယ်။

  • အစေ့အဆန်များ

မက်ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစေ့အဆန်များက အခြားသော ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသောက်ချင်စိတ်ကို တားဆီးပေးပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ကို ရောင်ရမ်းမှုများနှင့် နာကျင်ကိုက်ခဲမှုများကို ကာကွယ်ပေးနိုင်ပါတယ်။

  • ပဲအမျိုးမျိုးနှင့် ပဲတောင့်ရှည်

ရာသီလာစဉ်မှာ အစာချေစနစ်က ပုံမှန်မဟုတ်တော့ပါဘူး။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲများနှင့် ပဲတောင့်ရှည်များက အစာချေစနစ်ကို ပုံမှန်ဖြစ်စေနိုင်ပါတယ်။ ပဲအလွန်အကျွံစားသုံးမိခြင်းကလည်း ဗိုက်ထဲမှာ ဂတ်စ်တွေ များလာစေနိုင်ပါတယ်။ ပဲများကို တစ်ညတာ ရေစိမ်ထားပြီး ကောင်းစွာချက်ပြုတ်ထားပါ။ ပဲများမှာ ဗီတာမင် ဘီပါဝင်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ Vitamin E ကြွယ်ဝသော အစားအသောက်များ ဒါက ရာသီလာစဉ်ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများကို ဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ အသားအရေအတွက်လည်း ကောင်းမွန်နိုင်ပါတယ်။ ထောပတ်သီး၊ ကြက်ဥအနှစ်၊ လျှော်စေ့ စသည်တို့ကို စားသုံးပေးရပါမယ်။

#Reference_Health+

#Translate_by_OSC_Hospital

#Health_tips

#OSC_Hospital