24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

ကိုဗစ်၁၉ဖြစ်ပြီး ကျန်ရှိနေသည့် လက္ခဏာရပ်များကို လုပ်ဆောင်ကြမလဲ???

ကိုဗစ်၁၉ ဟာ ခေါင်းကိုက်ခြင်း၊ လွန်စွာ မောပန်းခြင်းနှင့်
ခန္ဓာကိုယ် ကိုက်ခဲခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။

ယခုအခါမှာ ကိုဗစ်၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်
ကောင်းမွန်လာသော်လည်း လက္ခဏာရပ်များကို
ဆက်လက်ကြုံတွေ့နေရသူများ ရှိနေပါတယ်။
ဒီလက္ခဏာရပ်တွေက ဘယ်လောက်ထိ ကြာရှည်
မလဲဆိုတာကို မသိရသေးပါဘူး။

  • ကိုဗစ်၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း အတွေ့များဆုံး ရောဂါလက္ခဏာများမှာ
  • မောပန်းခြင်း
  • အသက်ရှူရခက်ခြင်း
  • အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အာရုံစူးစိုက်၍ မရခြင်း
  • အနံ့၊ အရသာ ပျောက်ဆုံးနေခြင်း
  • အိပ်မပျော်ခြင်း စသည့်လက္ခဏာရပ်များက
  • တစ်ချို့သူတွေမှာ အချိန်အကြာကြီး ကျန်ရှိနေတတ်ကြပါသေးတယ်။

⚛ ဒီလက္ခဏာရပ်များကို အများဆုံးကြုံတွေ့ရသူများက

  • အသက် (၅၀) ကျော်အရွယ်များ
  • ပြင်းထန်သည့် ရောဂါလက္ခဏာများကို ခံစားခဲ့ရသူများ
  • နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ဆီးချို ရှိသူများ သို့မဟုတ်
  • အဝလွန်သူများ ဖြစ်ပါတယ်။

⚛ ဒီလက္ခဏာရပ်တွေကို ခံစားနေရပြီဆိုရင် ဘာလုပ်ကြမလဲ။
ဒီလက္ခဏာရပ်တွေကို ခံစားရသူများအတွက် အိမ်မှာပဲ ကုသလို့ရနိုင်ပါတယ်။
– ရောဂါလက္ခဏာပြင်းထန်သူများဆိုလျှင် ကျွမ်းကျင်ဆရာဝန်များဖြင့် ဆက်လက်ပြသသင့်ပါတယ်။
– ရင်ဘတ်အောင့်ခြင်းကို ခံစားနေရသူများက နှလုံးအထူးကုဆရာဝန်ဖြင့်ပြသပြီး
– အသက်ရှူကြပ်နေသူများက အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်များဖြင့် ပြသသင့်ပါတယ်။

– ကိုယ်ခံအားစနစ်မှာ ရောဂါပိုးဝင်ရောက်ကူးစက်ခံခဲ့ရတာကြောင့်ထိုလက္ခဏာများ ခံစားနေရသူများက ရေဓာတ်ဖြည့်တင်းနေဖို့လိုအပ်ပါတယ်။

– ထို့ကြောင့် ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာသူများ အနေဖြင့်အောက်ဖော်ပြပါအချက်များကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

  • ရေများများသောက်ပါ။
  • တရားထိုင်ပါ။
  • အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသောက်ပါ။
  • ကောင်းစွာ အိပ်စက်ပါ။
  • အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားပါ။

ကိုဗစ်ကူးစက်ခံရပြီးနောက်ပိုင်းတွင် ပြန်ကောင်းလာပြီးဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်းနှင့် အခြားနာတာရှည် ရောဂါရှိနေသူများက အထူးသတိထားနေသင့်ပါတယ်။ထိုသူများက ကိုဗစ်ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်ပြီး (၄၅) ရက်အကြာမှာ ကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။

#Source_houstonmethodist
#Translate_by_OSC_Hospital
#Health_tips
#OSC_Hospital