24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Life Style

ယောဂကျင့်ခြင်း၏ အကျိုးကျေးဇူးများ

ခန္ဓာကိုယ်ပျော့ပျောင်းလာခြင်း
လူအများစု ယောဂကျင့်ရတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ပျော့ပျောင်းလာစေဖို့ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပျော့ပျောင်းခြင်းက ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

▶စိတ်ဖိစီးမှုများကို သက်သာစေခြင်း
စိတ်ဖိစီးမှုများကို လျှော့ချစေနိုင်ဖို့ ယောဂလေ့ကျင့်ကြပါတယ်။

▶စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း
စိတ်ကစဉ့်ကလျားဖြစ်တဲ့သူတွေ ကမ္ဘာပေါ်မှာ အများအပြားရှိပါတယ်။ ဒီလို ဖြစ်တဲ့သူတွေအတွက် အကောင်းဆုံး ကုသမှုကတော့ ယောဂဖြစ်ပါတယ်။

▶အားအင်တိုးပွားခြင်း
တစ်ချို့သော ယောဂပုံစံတွေက ခန္ဓာကိုယ်ကြွက်သားများ ထွက်ပေါ်လာစေပြီး အားအင်များ တိုးပွားလာစေနိုင်ပါတယ်။ ဒါကတော့ လေ့ကျင့်မှု ပုံစံအပေါ်မှာ မူတည်ပါလိမ့်မယ်။ ရင်သားကင်ဆာရှိသူများ၊ အသက်ကြီးသူများနှင့် ကလေးငယ်များအတွက်လည်း ယောဂဟာ ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

▶စိတ်လှုပ်ရှားမှုကို လျှော့ချပေးနိုင်ခြင်း
စိတ်လှုပ်ရှားမှုများနှင့် တစ်ခုခုကို ကြောက်စိတ်များ( အမြင့်ကြောက်ခြင်း၊ အမှောင်ကြောက်ခြင်း) စသည်တို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။