24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

ဝမ်းချုပ်ခြင်းကိုသက်သာစေသော အစားအသောက်များ

ဝမ်းချုပ်တာက လူတိုင်း အနည်းနဲ့ အများ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ တချို့​​တွေမှာ ဝမ်းချုပ်တာက တစ်ခါ​တ​လေမှ ဖြစ်တတ်​ပေမယ့် တချို့​တွေကျ​တော့ မကြာမကြာ ဝမ်းချုပ်တတ်တာ​တွေ ရှိပါတယ်။ ဝမ်းချုပ်ရတဲ့ ​အ​ကြောင်း​​တွေက အများကြီး ရှိပါတယ်။

​ကိုယ်စားတဲ့ အစားအစာ​တွေထဲမှာ ဝမ်းချုပ်​စေတတ်တဲ့ အစားအစာ​တွေ ပါတာ ဒါမှမဟုတ် ဝမ်းမှန်​စေဖို့ ကူညီ​ပေးတဲ့ အစားအစာ​တွေ မစားဖြစ်တာ ရေ​သောက်နည်းတာ ကိုယ်လက်လှုပ်ရှားမှု နည်းတာ ဆေးတချို့ရဲ့ ​ဘေးထွက်ဆိုးကျိုး​ကြောင့် ဝမ်းချုပ်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

ဒီ​ဆောင်းပါး​လေးမှာ​တော့ ဝမ်းချုပ်တာကို ကာကွယ်နိုင်တဲ့ အစားအစာ​တွေကို ​ပြောပြ​ပေးသွားပါမယ်။

၁။ သစ်တော်သီး

သစ်တော်သီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်၀တဲ့အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ ဖရဲသီး

ဖရဲသီးမှာ အမျှင်ဓာတ် အများအပြား မပါပေမယ့် ရေဓာတ် အများကြီး ပါတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို အားပေးခြင်းအားဖြင့် ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ပန်းသီး

အမျှင်ဓာတ် များများပါတဲ့ အသီး နောက်တစ်မျိုးကတော့ ပန်းသီးပါ။

ပန်းသီးမှာ ရေမှာ မပျော်၀င်တဲ့ အမျှင်ဓာတ် (Insoluble fiber)ရော၊ ရေမှာ ပျော်၀င်တဲ့ အမျှင်ဓာတ် (Soluble fiber)ပါ ပါ၀င်ပါတယ်။

Insoluble fiber က ၀မ်းမချူပ်အောင် ကာကွယ်ပေးနိုင်သလို Soluble fiber က သွေးတွင်းအဆီဓာတ်ကို လျော့ကျစေနိုင်တဲ့ အာနိသင်တွေ ရှိတာကြောင့် စားပေးသင့်ပါတယ်။

၄။ ကီဝီသီး

၀မ်းချုပ်ခြင်းကို ကာကွယ်ပေးဖို့ စားပေးသင့်တဲ့ အသီးထဲမှာ ကီဝီသီးလည်း အပါအ၀င်ပါပဲ။

သူ့မှာ အမျှင်ဓာတ် ကြွယ်၀တဲ့အပြင် Actinidain လို့ ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ၀မ်းမှန်စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၅။ လိ​မ္မော်သီး

လိ​မ္မော်သီးက ဗီတာမင် စီ ကြွယ်၀စွာပါတဲ့အတွက် ကိုယ်ခံအားကောင်းစေတဲ့အပြင် အမျှင်ဓာတ်တွေလည်း များစွာပါတာကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။

၆။ ဟင်းနုနယ်

ဟင်းနုနယ်မှာ အမျှင်ဓာတ် ကြွယ်၀တဲ့အတွက် ၀မ်းချုပ်တတ်သူတွေအတွက် စားပေးသင့်တဲ့ အရွက်တစ်မျိုးပါပဲ။

ဟင်းနုနယ်ကို ကြော်စားတာ အပြင် သုပ်စားတာမျိုး၊ ဟင်းချိုထဲ ထည့်စားတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

၇။ ပန်းမုန်လာစိမ်း

အခုဆို ပန်းမုန်လာစိမ်းကို တော်တော်များများ စားလာကြတာ တွေ့ရပါတယ်။

ပန်းမုန်လာစိမ်းကလည်း အမျှင်ဓာတ် အများကြီးပါလို့ အူလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်စေတဲ့ အာနိသင် ရှိပါတယ်။

၈။ ကန်စွန်းဥ

ကန်စွန်းဥက ဗီတာမင် အေ ကြွယ်၀တဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်၀တာကြောင့် ၀မ်းချုပ်တဲ့ ပြဿနာကို တစ်ဖက်တစ်လမ်းကနေ သက်သာအောင် ကူညီပေးနိုင်ပါတယ်။

၉။ ဗာဒံစေ့

ဗာဒံစေ့က အမျှင်ဓာတ် များများပါတဲ့အတွက် ၀မ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ဗာဒံစေ့ကို ဒီတိုင်း စားလို့ ရသလို ဒိန်ချဥ်၊ ချိစ် စတာတွေနဲ့ တွဲပြီး စားပေးနိုင်ပါတယ်။

၁၀။ ဒိန်ချဥ်

ဒိန်ချဥ်မှာ အစာအိမ်အူလမ်းကြောင်းအတွက် အကျိုးပြု ဘက်တီးရီးယားတွေ ပါတဲ့အတွက် ၀မ်းချုပ်တာ ကာကွယ်နိုင်ပြီး အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

Christine

M.B.,B.S (Ygn)

M.Sc Nutrition and Dietetics Candidate