24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Beauty & Fitness

ဝက်ခြံမထွက်အောင် ဘယ်လိုကာကွယ်ကြမလဲ???

  • မျက်နှာကောင်းကောင်းသစ်ပါ။

ဝက်ခြံမထွက်စေဖို့ နေ့တိုင်း မျက်နှာပေါ်က အညစ်အကြေး၊ အဆီနှင့် ချွေးများကို ဖယ်ရှားပေးဖို့က အရေးကြီးပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာသစ်ခြင်းကလည်း ဝက်ခြံကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့အသားအရေကို ဖြစ်လာစေနိုင်တဲ့ မျက်နှာသစ်ဆေးများဖြင့် မျက်နှာမသစ်ပါနှင့်။ အယ်ကိုဟောမပါသည့် မျက်နှာသစ်ဆေးကို အသုံးပြုပါ။

  • ကိုယ့်မျက်နှာအသားအရေပုံစံကို သိအောင်လုပ်ပါ။

အသားအရေပုံစံဘယ်လိုပဲဖြစ်နေပါစေ ဘယ်သူမဆို ဝက်ခြံထွက်နိုင်ပါတယ်။ အဆီပြန်တဲ့ မျက်နှာအသားအရေပိုင်ရှင်များက ဝက်ခြံအထွက်ဆုံးဖြစ်ပါတယ်။ ဒါက အဆီအများအပြားကို ထုတ်လုပ်ပေးနေတဲ့ အသားအရေဂလင်းကြောင့် ဖြစ်ရတာပါ။ ဝက်ခြံဖြစ်စေနိုင်တဲ့ နောက်ထပ် အသားအရေပုံစံတစ်မျိုးက ပေါင်းစပ်ထားတဲ့အသားအရေဖြစ်ပါတယ်။ ပေါင်းစပ်ထားတဲ့အသားအရေဆိုတာက တစ်ချို့နေရာတွေမှာ အသားအရေခြောက်သွေ့ပြီး တစ်ချို့နေရာတွေမှာ အသားအရေက အဆီပြန်နေပါတယ်။ အဆီပြန်တတ်တဲ့နေရာတွေက နဖူး၊ နှာခေါင်းနှင့် မေးစေ့ တို့ ဖြစ်ပါတယ်။

  • အသားအရေကို အစိုဓာတ်ဖြည့်တင်းပါ။

အစိုဓာတ်ဖြည့်တင်းပေးခြင်းက အသားအရေကို ရေဓာတ်ပြည့်ဝနေစေပါတယ်။ ဒါပေမဲ့ အစိုဓာတ်ဖြည့်ပေးတဲ့အရာအများစုမှာ အသားအရေကို ယားယံစေပြီး ဝက်ခြံဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ၊ အဆီတွေ ပါဝင်နေတတ်ပါတယ်။ ဝက်ခြံမဖြစ်အောင် အသားအရေခြောက်သွေ့နေပြီလို့ ခံစားရလျှင် မျက်နှာသစ်ပြီးနောက် ရနံ့မပါတဲ့ အစိုဓာတ်ခရင်မ်များကို အသုံးပြုပါ။

  • ရေဓာတ်ဖြည့်တင်းပါ။

ရေဓာတ်ခန်းခြောက်နေလျှင် ခန္ဓာကိုယ်က အဆီတွေ ပိုထုတ်လုပ်နိုင်စေဖို့ အဆီဂလင်းတွေကို အချက်ပြပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းက အသားအရေကို ခြောက်သွေ့စေပြီး အနီစက်တွေ ပိုများလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ဖြည့်တင်းဖို့ နေ့စဉ် ရေ (၈) ခွက် သောက်သုံးပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင် ရေပိုသောက်ပေးပါ။ ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် နို့ချိုတိုက်ကျွေးနေလျှင် ဒါမှမဟုတ် နေပူပြီးစိုထိုင်းသည့် ပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးခဲ့လျှင် ရေပိုသောက်ပေးပါ။

  • တစ်ချို့သော အစားအသောက်များကို ရှောင်ရှားပါ။

အသင့်စားအစားအသောက်တွေက ဝက်ခြံထွက်စေပါတယ်။ အာလူးကြော်၊ ဂျုံနှင့်ဖုတ်ထားသည့် မုန့်များနှင့် အချိုရည်များက သကြားဓာတ်မြင့်မားစေပြီး အာဟာရဓာတ်ကို လျော့ကျသွားစေနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းကလည်း ဝက်ခြံထွက်စေနိုင်ပါတယ်။

#Reference_Health+

#Translate_by_OSC_Hospital

#Health_tips

#OSC_Hospital