ထားဝယ်မှ လာရောက် ကုသရသော ဒူးနာဝေဒနာရှင်၏ ခွဲစိတ်ခန်းအတွေ့အကြုံ နှင့် ရင်တွင်းစကားသံ

  • 2020-01-17

မင်္ဂလာပါ အန်တီရေ အရင်ဆုံးအန်တီရဲ့ အကြောင်းလေးမိတ်ဆက်ပေးပါအုံးရှင်။

ကျွန်မနာမည်ကတော့ ဒေါ်မအပ် ဖြစ်ပါတယ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ကနေ လာရောက် ဆေးကုသတာပါ။

အန်တီအနေနဲ့ အခုလိုဝေဒနာစတင်ခံစားခဲ့ရတဲ့ ဖြစ်ပုံနဲ့ OSC ဆေးရုံကို ရောက်ရှိခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးရှင်။

ကျွန်မကတော့ အခုအသက်က ၇၁- နှစ် ရှိပါပြီ။ ကျွန်မငယ်ငယ်ကတည်းက နဲနဲပါးပါး နေထိုင်မကောင်း ဖြစ်တာကလွဲရင် ကြီးကြီးမားမားရောဂါ မဖြစ်ဖူးပါဘူး။ ဆေးရုံလည်း မရောက်ဖူးဘူး။ လွန်ခဲ့တဲ့ ၁-နှစ်လောက်က အိမ်မှာ မတော်တဆချော်လဲပြီး ဒူးနာသွားတယ်။ ရန်ကုန်တက်ပြီး အထွေထွေရောဂါကု ဆရာဝန်နဲ့ ပြကြည့်တယ်။ ဒူးဆစ်ရိုးဟသွားတယ်လို့လည်း ပြောပါတယ်။ အဲ့လိုနဲ့ ဆေးထိုး၊ ဆေးသောက်ရင်း ရောဂါက အရှင်းမပျောက်တော့ အရိုးအကြော အဆစ်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြကြည့်ဖို့ တိုက်တွန်းတာနဲ့ ရန်ကုန်ကို ထပ်မံရောက်ရှိလာတာပါ။

OSC ဆေးရုံကို ရွေးချယ်ဖြစ်ခဲ့တာကတော့ ရန်ကုန်က ရင်းနှီးတဲ့ဘုန်းကြီးကျောင်းမှာတည်းရင်း OSC ဆေးရုံမှာ ဆရာဝန်ကြီးတွေလည်း စုံလင်စွာရှိပြီး ဝန်ဆောင်မှုကောင်းမွန်ကြောင်း ၊ ပြီးတော့ ကျွန်မအသိမိတ်ဆွေတွေနဲ့ ပြသဖူးတဲ့ အရိုးအကြော အဆစ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးသန့်ဇင်နိုင်လည်း ဒီမှာထိုင်ကြောင်း သိရှိရတဲ့အတွက် စိတ်ချလက်ချနဲ့ ရွေးချယ်ဖြစ်ခဲ့တာပါ။

ပထမဆုံးပြင်ပလူနာအနေနဲ့ပြသပြီး၊ ဓါတ်မှန်ရိုက်တယ်၊ ပြီးတော့ ရောဂါအရှင်းပျောက်ဖို့ ခွဲစိတ်ရန်လိုအပ်ကြောင်းပြောပြသောကြောင့် မိသားစုနဲ့တိုင်ပင်ပြီး နိုဝင်ဘာလ ၂၃-ရက် နေ့မနက်မှာ ဆေးရုံစတက်ပါတယ်။ အဲ့ဒီနေ့ နေ့လည်မှာပဲ ခွဲခန်းဝင်ခဲ့ပါတယ်။ ခါးရိုးကို ထုံဆေးထိုးပြီး ခွဲတဲ့အတွက် နာကျင်မှုတော့ မခံစားခဲ့ရပါဘူး။ ဒူးခေါင်းက ဂုံညင်းရိုးလဲလိုက်ရ တယ်လို့ သိရပါတယ်။ ကျွန်မအနေနဲ့ တစ်ခါမှ မခွဲစိတ်ဖူးတော့ စိုးရိမ်စိတ်တော့ ဖြစ်မိပါတယ်။ ဒါပေမယ့် ဆရာဝန်ကြီးရဲ့ နွေးထွေးမှုကြောင့် အဆင်ပြေခဲ့ပါတယ်။ တခြား အခန်းသန့်ရှင်းရေးရော၊ ဝန်ဆောင်မှုရော အားလုံးအဆင်ပြေပါတယ်။ အခုဆို ကျွန်မခြေထောက်ကလည်း သက်သာလာနေပါပြီ၊ ဆရာဝန်ကြီးကလည်း မကြာခဏလာကြည့်ပေးပါတယ်။ ခြေထောက်ကတော့ လေ့ကျင့်ခန်းလေးလုပ်ပေးဖို့တော့ လိုတယ်လို့ဆရာကြီးက ပြောပါတယ်။

အခုလို ကျွန်မရောဂါအခြေအနေနဲ့ ပတ်သတ်လို့ အားလုံးကို ပြန်လည်မျေှဝရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အားလုံးလည်း သတိပြုဆင်ခြင်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဆရာကြီး ဒေါက်တာဦးသန့်ဇင်နိုင်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။