မရည်မွန်အောင် ၏ ခွဲစိတ်ခန်းအတွေ့အကြုံ နှင့် ရင်တွင်းစကားသံ
- 2019-10-23

မင်္ဂလာပါ မရည်မွန်အောင်ခင်ဗျာ အရင်ဆုံး အမရဲ့အကြောင်းမိတ်ဆက်ပေးပါအုံးခင်ဗျာ။
ဟုတ်ကဲ့ ကျွန်မကတော့ ရည်မွန်အောင်ပါ ၊ကုမ္ပ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီ းတာမွေမြို့နယ်မှာနေထိုင်တာဖြစ်ပါတယ်ရှင့်။
ရောဂါအခြေအနေနဲ့ ဘယ်လိုကနေ စဖြစ်သလဲဆိုတာ လည်းပြောပြပေးပါအုံးခင်ဗျာ။
ရေအိတ်တည်တာပေါ့နော် ဖြစ်တာကတော့ (၅) လလောက်ရှိပြီ ဒါပေမဲ့ ဆေးသောက်ရင်ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့ဆိုတော့ အမှတ်မထားခဲ့ဘူးပေါ့လေ ။နောက်တော့ ညီမတို့ ကုမ္ပ္ပဏီ က OSC ဆေးရုံကြီးနဲ့ကျန်းမာရေး နဲ့ပတ်သတ်ပြီး သဘောတူစာချုပ်ချုပ်ထားတာဆိုတော့ ညီမတို့ Company Doctor နှင့်တိုင်ပင်ပြီး အရင်ဆုံး ပြင်ပလူနာအနေနဲ့ပြသဖို့ပြောတာနဲ့လာပြလိုက်တယ် ။တွဲဘက် ပါမောက္ခ ဒေါက်တာ ချိူချိုခင်နဲ့ပြသပြီး ဆရာမက Ultrasound လေးရိုက်လိုက်ပါလားဆိုတော့ ရိုက်လိုက်တယ်။
အဲ့ဒါနဲ့ရေအိတ်ကကြီးနေတယ် ခွဲစိတ်ဖို့လိုအပ်ကြောင်း ရောဂါ အကြောင်းကို သေချာရှင်းပြခဲ့ပါတယ်။အဲ့ဒါနဲ့ညီမလည်း ကုမ္ပ္ပဏီ ဒေါက်တာနဲ့တိုင်ပင်ပြီး ခွဲစိတ်ဖို့ဆုံးဖြတ်လိုက်တယ် နောက်တစ်ပတ်လောက်မှခွဲစိတ်မယ်ဆိုပြီး ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှာခွဲစိတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ Ultrasound က Sunday ရိုက်ပြီး နောက်တစ်ပတ်ခွဲမယ်ပေါ့လေ။ဒါပေမဲ့ ရုံးဖွင့်ရက် ဗုဒ္ဓဟူး နေ့မှာဘဲ ရုံးတက်နေရင်းနဲ့အရေးပေါ်မူးလဲသွားပြီး ဖြစ်ဖြစ်ခြင်းဘဲ OSC ဆေးရုံကိုဘဲ ချက်ချင်းလာခဲ့ရတာပေါ့လေ။
ဟုတ်ကဲ့ပါ။ အမအနနဲ့ဆေးရုံရောက်လာပြီး နောက်ရက်ခွဲစိတ်ခန်းဝင်ရတာပေါ့နော်။ ခွဲစိတ်ခန်း ဝင်ရပြီး ခွဲစိတ်ခန်းမှာကြုံတွေ့ရတဲ့အတွေ့အကြုံလေးကိုပြောပြပေးပါအုန်းခင်ဗျာ။
အဲ့နေ့မှဆေးရုံရောက်လာပြီး နောက်နေ့ဆရာမကြီး ကလာပြီးခွဲစိတ်ပေးပါတယ်။ ညီမအနေနဲ့ပထမဆုံး ခွဲစိတ်ရတာဆိုတော့ နည်းနည်းတော့ကြောက်တာပေါ့လေ။ဒါပေမဲ့ ဆေးရုံရဲ့ဝန်ဆောင်မှုနဲ့ဆရာမကြီးရဲ့နွေးထွေးမှုတွေကြောင့် အဆင်ပြေခဲ့ပါတယ် ။ ရေအိတ်ကိုခွဲစိတ်ရင်း အူအတက်ကိုပါ တစ်ခါတည်း ဖြတ်လိုက်တယ် ။ခွဲစိတ်ပြီး တစ်ရက်လောက်တော့နာတာပေါ့လေ။နောက်ရက်တော့ နာကျင်မှုမရှိတော့ဘဲ အဆင်ပြေသွားပါတယ်။
အမအနေနဲ့က ပထမဆုံးအကြိမ်ဆေးရုံတက်ပြီးခွဲစိတ်ဖူးတာပေါ့နော်။ကြီးကြီးမားမားလည်းမဖြစ်ဘူး အခုမှဆေးရုံတက်ဖူးတာဆိုတော့ OSC ဆေးရုံရဲ့ဝန်ဆောင်မှုနဲ့ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါအုံးခင်ဗျာ။
ဟုတ်ကဲ့ရှင့် ။ဆေးရုံလည်းမတက်ဖူးဘူး ။အခုလိုလည်း ဖြစ်လာမယ်လို့တော့မထင်ဘူးပေါ့လေ ။အချိန်မှီ ရောက်လာလို့ညီမအတွက်ကံကောင်းတယ်လို့ပြောရမယ် (၅)လကျော်လောက်ခံစားနေရတာကို ကြီးကြီးမားမားမဟုတ်ဘူးထင်ပြီး ပေါ့သေးသေးနေခဲ့လိုက်တာ အခုတော့အချိန်မှီ ကုသလိုက်ရလို့ ကံကောင်းခဲ့ရတာပေါ့လေ။
အရင်ဆုံးတော့ ညီမရဲ့ ကုမ္ပ္ပဏီကို ကျေးဇူးတင်ရပါမယ် အခုလို ဝန်ထမ်းတွေကို care လုပ်ပေးထားလို့ပေါ့လေ။နောက်တော့ ကုမ္ပ္ပဏီ နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ OSC ဆေးရုံပေါ့ ။
အစစအရာရာ အဆင်ပြေတယ် သန့်ရှင်းရေး ၊တာဝန်ကျ ဒေါက်တာတွေ ၊သူနာပြုတွေ ပေါ့ အမြဲ အချိန်မှန်ရောက်ရောက်လာတယ် ။နွေးထွေးတယ် ဂရုစိုက်တယ် အဲ့အတွက် ညီမတို့ ကုမ္ပ္ပဏီနဲ့လက်တွဲလုပ်ကိုင်နေတဲ့ OSC ဆေးရုံမှာ ဆေးကုသရတာ အစစအရာအဆင်ပြေကြောင်းနှင့် ညီမတို့အတွက် ကျန်းမာရေး အတွက် စိတ်ချယုံကြည်ရတဲ့အတွက်ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်ရှင်။
---------------------------------------------------
“ ကုသမှုခေတ်မီ၊ မေတ္တာဖြင့်ကူညီ၊ OSC ကိုသင်ယုံကြည် ”
သင်နှင့် သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။