နှစ်စဉ်နှစ်တိုင်း Medical Checkup လာရောက်စစ်ဆေးတဲ့ မဇူနီဇန် နှင့် OSC Hospital
- 2019-08-26

မင်္ဂလာပါ အစ်မရေ။ အရင်ဆုံး အစ်မကို မိတ်ဆက်ပေးပါဦးခင်ဗျာ့။
မင်္ဂလာပါရှင့်။ ကျွန်မကတော့ ဇူနီဇန်(Zunizan )ပါ။ အသက်ကတော့ (၃၄) နှစ်ပါ ၊ Pharmacy နဲ့ကျောင်းပြီးထားပါတယ်။ အခုတော့ ကွန်ပျူတာပန်းထိုးလုပ်ငန်းလုပ်ကိုင်ပြီး မင်းရဲကျော်စွာလမ်း (..)ရပ်ကွက် မြောက်ဒဂုံမှာနေပါတယ်ရှင့်။
မြောက်ဒဂုံမှာ နေထိုင်တဲ့ မဇူနီဇန်က OSC ကိုရွေးချယ်ဖြစ်ခဲ့ပုံကကောခင်ဗျာ။
အဖေ၊ အမေနဲ့ အဖိုးအဖွားတို့က OSC မှာပဲ ဘာဖြစ်ဖြစ်ပြနေကျဆိုတော့ ကိုယ်လည်း OSCကို ယုံကြည်တယ်။ သွားရေးလာရေးကလည်း လမ်းသင့်တယ်။ Service ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း ကိုယ် ရောက်တာနဲ့ သူနာပြုဆရာမတွေ က ဘာပြီးဘာလုပ်ရမယ် တစ်ခုပြီး တစ်ခုညွှန်ပြပေးတယ်။ ဒီတော့အချိန်ကုန်သက်သာတယ်။ မြန်ဆန်တယ်။ ပို အဆင်ပြေတယ်။
ကျန်းမာရေးစစ်ဆေးမှုကို အစ်မအနေနဲ့ဘာအတွက်လုပ်သင့်တယ်လို့ထင်သလဲ။ နောက်ပြီး ဘယ်လိုမျိုး Package မျိုးကို ရွေးချယ် စစ်ဆေးဖြစ်လဲခင်ဗျာ။
ကျွန်မအနေနဲ့တော့ တစ်နှစ်တာ အတွင်းမှာနေ့စဉ် အစားအသောက်တွေ မဆင်မခြင်စားသောက် ဖြစ်တာတွေရယ်၊ နေ့စဉ်လှုပ်ရှားသွားလာနေတော့လူအမျိုးမျိုးနဲ့ပေါင်းသင်းဆက်ဆံရတာတွေ ရှိပါတယ်။ ပတ်ဝန်းကျင်ကနေ ကူးစက်ရောဂါတွေဆိုတာကလည်း ဝင်ရောက်လာနိုင်တယ်။ ကိုယ့် ခန္ဓာရဲ့ဘယ်နေရာမှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ချို့ယွင်းနေလဲ၊ ဘာတွေဖြစ်နေလဲ စောစော သိထားရအောင်ပါ။ ကုသခြင်းထက် ကာကွယ်ခြင်းက အဓိကဆိုတော့ ကျန်းမာရေး စစ်ဆေးဖြစ်ပါတယ်။ ကိုယ့်အတွက် စိတ်ချရအောင်ပါ။ Package အနေနဲ့ကတော့ Healthy Woman ကို စစ်ဆေးဖြစ်ပါတယ်။
OSC မှာက အခြားသော Package တွေအများကြီးရှိတယ်။ အဲဒီထဲမှာမှ Healthy Woman ကို ဘယ်လို့ရွေးချယ်ဖြစ်ပါသလဲ။
ကျွန်မအနေနဲ့က over 40 ဆိုပြန်တော့လဲ အသက်က (၃၄)နှစ်ဆိုတာရယ်၊ နောက်ပြီး Healthy Women ထဲမှာလည်း ကျွန်မတို့မိန်းမသားတွေအတွက် Lipid Profile မှာပါဝင်တဲ့ Cholesterol စစ်ဆေးတာရယ် ၊ Cancer Screening မှာပါဝင်တဲ့ အမျိုးသမီးတွေအတွက် ကင်ဆာရောဂါစစ်ဆေးတာတွေပါဝင်တာကြောင့်ပဲ အသင့်တော်ဆုံးယူဆလို့Healthy Women ကို ရွေးချယ်ဖြစ်ခဲ့တာပါ။
မဇူနီဇန် အနေနဲ့ ကျန်းမာရေးစစ်ဆေးမှုကို နှစ်စဉ်ပြုလုပ်ခဲ့တာ ဘယ်လောက်ရှိသွားပြီလဲ ၊ OSC မှာကော ဘယ်နှစ်ကြိမ်ထိ စစ်ဆေးပြီးသွားပြီလဲခင်ဗျာ။
ကျွန်မအနေနဲ့ ကျန်းမာရေးစစ်ဆေးမှုကို နှစ်စဉ်ပြုလုပ်ခဲ့တာ (၅)နှစ် ဆက်တိုက် ရှိသွားပါပြီ။ အခု OSC မှာ ပြောင်းပြီး medical checkup လုပ်ဖြစ်တာ ဒါနဲ့ဆို ဒုတိယအကြိမ်ပါ။
မနှစ်က မင်္ဂလာလည်းဆောင်တော့ OSC Hospital မှာပဲ Premarital Package ကို အမျိုးသားကော ကျွန်မပါစစ်ဆေးဖြစ်ခဲ့တယ်။အမျိုးသားကလည်း Oversea မှာဆိုတော့ သူလည်းပြန်လာရင် OSC မှာဘဲ ကျန်းမာရေး စစ်ဆေးမှာပါ ။
အစ်မအနေနဲ့ တစ်ခြား သေးသေးမွှားမွှား Underlying Diseases ဘာများ ရှိပါလဲခင်ဗျာ။ ကာကွယ်ခြင်းနဲ့ပတ်သတ်ပြီးကော အစ်မအနေနဲ့ဘာတွေကြိုတင်လုပ်ဆောင်ထားသလဲ။
ဘာရောဂါမှတော့ မရှိပါဘူး ။ကျွန်မတို့အမျိုးသမီးတွေမှာ ကင်ဆာရောဂါတွေကအဖြစ်များပြီး ကြောက်စရာအကောင်းဆုံးကတော့သားအိမ်ခေါင်းကင်ဆာပါပဲ၊ အဲ့ဒီအတွက်လည်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို OSC မှာပဲ ယခုအကြိမ်စစ်ဆေးပြီး တစ်ခါတည်း ထိုးခဲ့လိုက်တယ် ၊ ဒေါက်တာက သုံးကြိမ်ထိုးရမယ် ညွှန်ကြားထားတော့ ကျွန်မအနေနဲ့ရက်ချိန်းအတိုင်း ပြန်လာထိုးပါဦးမယ်။
ဆေးရုံရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဘာများအကြံပေး ပြောပြချင်ပါသလဲ
ဝန်ဆောင်မှုကတော့ ဆေးလာစစ်တယ်ဆို ကိုယ်က လာရုံပါပဲ။ ကျန်တာက တာဝန်ကျဆရာမတွေက တစ်ခုပြီး တစ်ခုညွှန်ပြပေးတယ်။ ဆေးစစ်ချက်အဖြေရရင်လည်း ဒေါက်တာက အချိန်ပေးပြီးတော့ သေချာလေး ရှင်းပြပေးတယ်။ အဲ့အတွက်လည်း ကျွန်မ အနေနဲ့ပေးရတဲ့ အဖိုးအခနဲ့ဝန်ဆောင်မှုအတွက် ကျေနပ်ရပါတယ်။ နောက်နှစ်တွေ နှစ်စဉ်နှစ်တိုင်းလည်း OSC ဆေးရုံမှာပဲ Medical Checkup ရွေးချယ် လုပ်ဖြစ်မှာပါရှင့်။
အခုလို မိမိပြုလုပ်ခဲ့သော Medical Checkup အတွေ့အကြုံများကို ဝေမျှပေးခဲ့သော မဇူနီဇန် ကိုလည်း OSC ဆေးရုံကြီးမှ အထူးကျေးဇူးတင်ရှိပါသည်။