OSC ဆေးရုံမှ ရန်ကုန်မြို့ Stay At Home ကာလတွင် လှူဒါန်းခဲ့ပါသော မွန်မြတ်သော ကုသိုလ်အလှူအား နတ်၊ လူ သာဓု ခေါ်စေသော်

COVID-19 ရောဂါ ပြန့်ပွါးမှုအား ထိမ်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် အစိုးရမှ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် နေထိုင်ကြသော ပြည်သူများ Stay At Home နေထိုင်ကြရန် နှင့် မလိုအပ်ပဲ နေအိမ်ပြင်ပသို့ မထွက်ကြရန်ကို 2020ခုနှစ် စက်တင်ဘာ (၂၄)ရက်မှ အောက်တိုဘာ (၇)ရက်နေ့ထိ သတ်မှတ်ထားပါသည်။
ထိုသို့သတ်မှတ်ထားသော Stay At Home (၁၄)ရက်တာ ကာလအတွင်းမှာ ပြင်ပသို့ သွားရောက်ပြီး ဆွမ်းအလှူခံထွက်ရန် အခက်အခဲရှိကြပါသော သံဃာတော်များနှင့် သီလရှင် ဆရာလေးများအတွက် ဆွမ်းချက်အသုံးပြုနိုင်ရန် ဆန်၊ ဆီ အစရှိသော စားသုံးဖွယ်ရာများကို အသုံးပြုနိုင်စေရန်အတွက် OSC ဆေးရုံ၏ တာဝန်ရှိသူများမှ ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ ရှိ ရတနာသိင်္ဂီသီလရှင်ကျောင်းမှ သီလရှင် (၆၃)ပါး၊မနောသုခ ကျောင်းတိုက်မှ သံဃာတော် (၃၅)ပါးနှင့် သီလရှင် (၆၉)ပါးတို့အတွက် လိုအပ်သော ဆွမ်းဆန်နှင့် ဆီများကို သွားရောက်လှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။

ထိုသို့ပြုလုပ်ရသော ကုသိုလ်ကောင်းမှုကြောင့် မြန်မာနိုင်ငံသာမက နိုင်ငံတကာမှာ ကြုံတွေနေကြရတဲ့ ကပ်ရောဂါဆိုးကြီး အမြန်ဆုံးလွတ်မြောက် ကင်းစင်နိုင်ကြပါစေကြောင်း OSC ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
🙏🙏🙏🙏🙏
#OSC_Hospital
#OSC_COVID_19_CSR

latest posts

#ကိုဗစ်၁၉ဖြစ်ပြီး ကျန်ရှိနေသည့် လက္ခဏာရပ်များကို လုပ်ဆောင်ကြမလဲ???

ကိုဗစ်၁၉ ဟာ ခေါင်းကိုက်ခြင်း၊ လွန်စွာ မောပန်းခြင်းနှင့်ခန္ဓာကိုယ် ကိုက်ခဲခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ယခုအခါမှာ ကိုဗစ်၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသော်လည်း လက္ခဏာရပ်များကိုဆက်လက်ကြုံတွေ့နေရသူများ ရှိနေပါတယ်။ဒီလက္ခဏာရပ်တွေက ဘယ်လောက်ထိ ကြာရှည်မလဲဆိုတာကို မသိရသေးပါဘူး။ ကိုဗစ်၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ...
Read More

OSC ဆေးရုံမှ ရန်ကုန်မြို့ Stay At Home ကာလတွင် လှူဒါန်းခဲ့ပါသော မွန်မြတ်သော ကုသိုလ်အလှူအား နတ်၊ လူ သာဓု ခေါ်စေသော်

OSC ဆေးရုံမှ ရန်ကုန်မြို့ Stay At Home ကာလတွင် လှူဒါန်းခဲ့ပါသော မွန်မြတ်သော ကုသိုလ်အလှူအား နတ်၊ လူ သာဓု ခေါ်စေသော် COVID-19 ရောဂါ ပြန့်ပွါးမှုအား ထိမ်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် ...
Read More

Leave a Reply

Your email address will not be published. Required fields are marked *